
IMDb Rating - 7.0/10 ဒီဇာတ်ကားကို စရေးမယ့်အချိန် ပိုစတာကိုမြင်တော့ နည်းနည်းလေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အနေအထားက ဒီဘက်ခေတ်ထွက် ပေါပေါပဲပဲစတိုင် ဖြစ်နေတာမဟုတ်လား။ ဒီလိုနဲ့ Google ပြေးခေါက်၊ စာလေးဘာလေးပြေးရှာတော့ တို့များဖန်တွေ အပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိနေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆိုတော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆိုတော့ မြင်တွေ့နေကျ အနောက်တိုင်းရုပ်ရှင်တွေ၊ အတွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှားတဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထားတော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း စရေးတယ်ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အခြေခံထားပြီး နယ်သာလန်ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသားပေးရိုက်ကူးထားတာပါ။ ပဒေသရာဇ်တွေကြီးစိုးနေသေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အကောင်အထည်ပေါ်နေပြီဖြစ်တဲ့ နယ်သာလန်ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် Prince of Orangeနဲ့ ပါတီနိုင်ငံရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ဟော်လန်ရဲ့ ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုးနေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်တွေက ရေကြောင်းထိုးစစ်တွေနဲ့ ကျူးကျော်နေတာကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်နေရတယ်လို့ ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်းရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကိုတော့ ရေကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်သေနင်္ကဗျူဟာတွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီးတွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်းရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆိုပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်ကောင်းပါတယ်။ သင်္ဘောတိုက်ပွဲတွေလည်း ခဏခဏ ဖြစ်နေတာကြောင့် ပြည်တွင်းပြည်ပ အရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က တောက်လျောက်တက်နေတာပါ။ ပဒေသရာဇ်ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံရေးအားပြိုင်မှုတွေကို စိတ်ဝင်စားတယ်။ ရေတိုက်ပွဲတွေကိုလည်း သဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ ratingတွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်တွေ့တဲ့သူတွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(2.9 GB) / (1.48 GB) / (926 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Biography, Drama Translator.......JimX Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
/ 10
Director