
ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးကို ၂၀၁၂ ခုနှစ်ထွက် Comedy/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်ရုပ်ကို ပိုင်နိုင်လှတဲ့ မင်းသားကြီး Adam Sandler (50 First Dates/Murder Mystery)၊ ရုပ်တည်ကြီးနဲ့ အရွှန်းထထဖောက်တတ်တဲ့ ဟာသမင်းသား Andy Samberg (Brooklyn Nine-Nine/Palm Springs)နဲ့ မင်းသမီးချော Leighton Meester (Monte Carlo/The Judge)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။ လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ သူ့သားက သူ့ရင်ကိုစုံကန်ပြီး ထွက်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ်တွေကြာသွားပြီး ဒွန်နီတစ်ယောက် မဖြစ်မနေ သူ့သားနဲ့ ပြန်တွေ့ရဖို့ အကြောင်းဖန်လာခဲ့ချိန်မှာတော့ ပြတ်သွားတဲ့ရေစက်ကို ပြန်ဆက်ဖို့ သားဆီအရောက်လှမ်းခဲ့ပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကို အမုန်းကြီးမုန်းနေတဲ့ သားက မကြာခင် မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ကို အဖေတစ်ယောက်အဖြစ် အသိအမှတ်မပြုတာမို့ သားနဲ့အဆင်ပြေဖို့အရေး စစ်ဆင်ရေးစခဲ့ရပါတော့တယ်။ ဒွန်နီက သူ့သားဆီ နှစ်တွေကြာသွားပြီးမှ ဘာလို့ သွားရှာခဲ့တာလဲ။ သူ့သားကရော သူ့ကို အဖေအဖြစ် အသိအမှတ်ပြုပါ့မလား။ သူသွားရှာရတဲ့ ရည်ရွယ်ချက်ကရော အောင်မြင်နိုင်ပါ့မလား။ သူ့သားရဲ့ သတို့သမီး မိသားစုကရော သူ့ကို အသိအမှတ်ပြု ရင်းနှီးသွားနိုင်မှာလား ဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဖော်ချွတ်အခန်းတွေနဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေ ပါတာမို့ ထုံးစံအတိုင်း မိသားစုနဲ့မကြည့်သင့်ပါ၊ တစ်ယောက်တည်းကြည့်ရင်လည်း တချို့နေရာတွေမှာ အသံတိုးပြီး ကြည့်ကြပါလို့) ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။ Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 480p | 600MB | Download | |
| 480p | 600MB | Download | |
| 480p | 600MB | Download | |
| 480p | 600MB | Download | |
| 480p | 600MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.5 / 10
Director