
That’s Amor (2022) =============== ဂရက်ဖစ်ဒီဇိုင်နာမလေး ဆိုဖီယာတစ်ယောက် အလုပ်မှာအဆင် မပြေလို့ အလုပ်ထွက်လိုက်ရတဲ့အပြင်၊ အိမ်ပြန်လာတဲ့အချိန်မှာ သူ့ ချစ်သူက သူ့အပေါ် ဖောက်ပြန်နေတာကို ကိုယ်တိုင်မြင်လိုက် ရပါတယ်။ အဲ့တော့ စိတ်နာနာနဲ့ လှေကားကအဆင်း ခြေချော်ပြီး ခြေထောက်ထိခိုက်သွားလို့ အမေဖြစ်သူရဲ့အိမ်မှာ ပြန်သွားနေလိုက် ရတဲ့အထိပေါ့။ အမေဖြစ်သူက သူ့သမီးလေးပျော်အောင်ဆိုပြီး သူသွားနေကျ Zumba အကသင်တန်းကို ခေါ်သွားတယ်။ အဲ့က အပြန်မှာ ဟင်းချက်သင်တန်း ကြော်ငြာစာရွက်တွေ့တော့ သူ့သမီးကို သူနဲ့အတူလိုက်တက်ပေးဖို့ ဆွယ်ပါလေရော။ သမီးဖြစ်သူကလည်း မလွန်ဆန်နိုင်တဲ့အဆုံး အတူလိုက်တက်လိုက်ရတယ် ဘာညာပေါ့ဗျာ။ ဇာတ်လမ်းက အခုမှစမှာပါ အဲ့သင်တန်းမှာ သင်တန်းဆရာရဲ့ တူလေး ဖြစ်တဲ့ မက်တီးယက်စ်ဆိုသူနဲ့စတင်တွေ့ဆုံးပြီး ထုံးစံအတိုင်း ဆိုဖီယာ ဘဝထဲ ဝင်လာတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်မလဲ ဆိုတာကို ဒီအချစ်ဟာသ ဇာတ်ကားလေးမှာကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း လေးကလည်း ပေါ့ပေါ့ပါးပါးလေးဖြစ်ပြီး ဟင်းချက်ဝါသနာပါတဲ့လူတွေ အတွက် ကြည့်ပျော်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.43 GB | Download | |
| 1080P | 1.43 GB | Download | |
| 1080P | 1.43 GB | Download | |
| 1080P | 1.43 GB | Download | |
| 720P | 685 MB | Download | |
| 720P | 685 MB | Download | |
| 720P | 685 MB | Download | |
| 720P | 685 MB | Download | |
| 480P | 411 MB | Download | |
| 480P | 411 MB | Download | |
| 480P | 411 MB | Download | |
| 480P | 411 MB | Download | |
| 480P | 411 MB | Download |