
ဒီတစ်ခေါက်တော့ Vaashi ထဲမှာ ရှေ့နေအဖြစ်သရုပ်ဆောင်တဲ့ မာလာရာလမ်မင်းသား တိုဗီနိုသောမတ်စ်နဲ့ Bro Daddy ထဲကမင်းသမီး ကလျာနီ ပရီရာဒါရှန် တိုရဲ့ ၂၀၂၂ နှစ်ထွက် မာလာရာလမ် Action / Comedy ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။IMDB 7.6 မို Rating လေးလည်း မဆိုးလှပါဘူး ဒီကားကို ကြည့်တဲ့သူထဲမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရင်းကနေ သူငယ်ချင်းတွေဖြစ်သွားကြတဲ့သူတွေရှိလား။ ရန်ဖြစ်တယ်ဆိုတာ ကလေးဘဝရဲ့အစိတ်အပိုင်းပါပဲလို ပြောကြပါတယ်။ သွေးပူတဲ့အရွယ်၊ တက်ကြွတဲ့အရွယ်မှာ ထစ်ခနဲ စိတ်ထဲရှိတဲ့အတိုင်း ဝုန်းဒိုင်းကြဲကောက်လုပ်မိကြလို ရန်တွေထသတ်ကြရာကနေ ခင်မင်ရင်းနှီးသွားတဲ့ သူငယ်ချင်းတွေ ရှိကြပါတယ်။ ဒီထဲမှာလည်း ဒီလိုပါပဲ။ သူတို့ငါးယောက်က ရန်ဖြစ်ကြရာကနေ သူငယ်ချင်းတွေဖြစ်လာကြတာပါ။ အဓိကဇာတ်လိုက်ဖြစ်သူ ဝါဇီက သူ့ရဲ့ကောင်မလေးနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ သူ့သူငယ်ချင်းလေးယောက်က ရာဂျီမက်သရူးဆိုသူနဲ့ ရန်စရှိနေကြပြီးတော့ ရာဂျီက ရန်ပွဲကို ရပ်ချင်တာကြောင့် ပြန်ဖြန်ဖြေဖို့ကြိုးစားပေမဲ့လည်း နားလည်မှုတွေလွဲကြပြီးတော့ ဝါဇီရဲ့မင်္ဂလာဆောင်မှာ နောက်ထပ်ရန်ပွဲတစ်ခုပေါ်ပေါက်လာပါတော့တယ်။ ဒီရန်ပွဲကနေပဲ ဝါဇီက အင်တာနက်မှာ ရေပန်းစားတဲ့သူ ဖြစ်သွားခဲ့ပြီး မင်္ဂလာပွဲလည်းပျက်ကာ နှစ်နှစ်အကြာ သူ့မြို့ကို ပြန်ရောက်လာတဲ့အချိန်မှာ သူ့ကောင်မလေးဟာ တခြားလူတစ်ယောက်နဲ့ စေ့စပ်လို့ထားပါပြီ။ အရင်ရန်ငြှိးရှိခဲ့တဲ့ ရာဂျီနဲ့ ဘယ်လို ပြန်ရင်ဆိုင်သွားမလဲ...သူချစ်ရတဲ့သူနဲ့ရော ပေါင်းဖက်ခွင့်ရပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါနော်။ File size…2.8GB / 1.36GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by BpL & Kham Mon & Lwin Htoo Aung & Yunni & Yate
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |