
ဒီဇာတ်ကားဟာ Terror Train (1980) ကို Remake လုပ်ထားတဲ့ဇာတ်ကားပါ။ ရိုးရှင်းတဲ့ Plot တွေကနေ ဖောက်ထွက်ချင်ရင်၊ ပြီးခါနီးထိ ရင်ခုန်ချင်ရင် ဒီဇာတ်ကားဟာ သင်တို့အတွက် Underrated ထဲမှာ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ လူငယ်ကျောင်းသားအဖွဲ့အစည်းတစ်ခုဟာ သူတို့ထဲကို အသစ်ဝင်လာတဲ့ ကျောင်းသားသစ်တွေကို Prank တွေ Challenge တွေကိုဖြတ်ကျော်ပြီးမှ ဝင်စေတာပါ။ ဒီလိုပဲ နှစ်အတော်ကြာ ဒီလိုလုပ်ရပ်တွေနဲ့ ပျော်ခဲ့ပါးခဲ့ကြတာပါပဲ။ ဒါပေမယ့် တစ်နှစ်မှာ Kenny ဆိုတဲ့ကျောင်းသားသစ်လေးတစ်ယောက်နဲ့ Alana ဆိုတဲ့ လှပတဲ့ကျောင်းသူသစ်လေးကို အဖွဲ့ထဲထည့်ဖို့ အပြောင်အပျက်တွေလုပ်ရင်းကနေ အမှားတစ်ခုကြောင့် Kenny ဟာ စိတ္တဇဆေးရုံကိုရောက်ရတဲ့အထိပါဖြစ်သွားပါတယ်။ Alana ဟာ သူ့ကြောင့် Kenny ဒီလိုဖြစ်သွားရတာကို စိတ်မကောင်းပေမယ့် အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ Doc နဲ့ တခြား Senior တွေကြောင့် လက်ပိုက်ကြည့်ရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်နဲ့ပဲ နောက်သုံးနှစ်အကြာမှာတော့ သူတို့ကျောင်းသားကျောင်းသူတွေဟာ Halloween ညတစ်ညမှာ အပျော်စီးရထားခရီးစဉ်တစ်ခုကို စီစဉ်ပြီး ခရီးထွက်ကြပါတယ်။ ဒီအပျော်ကနေ အပျက်ဖြစ်အောင် ဘယ်အရာကလုပ်ခဲ့တာလဲ ဘယ်က ဘယ်သူ ဘာကြောင့်မှန်းမသိတဲ့ အသက်ဘေးအန္တရာယ်ကို ကျရောက်စေသူဟာ ဘယ်သူလဲ... အတိတ်က Kenny လားဆိုတာကို ရင်တထိတ်ထိတ်နဲ့ဆက်ကြည့်ရမှာပဲဖြစ်ပါတယ်... Everyone is suspect ဆိုတဲ့ Theme ကို ကြည့်ရှုသူကိုယ်တိုင်ပါ ခံစားနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
October 21, 2022
ကြာချိန်
1h 30m
အဆင့်သတ်မှတ်ချက်
5.1 / 10
Director
Philippe Gagnon