
ပိတ်ရက်မှာ မိုးအေးအေးနဲ့ လမ်းမထွက်ဘဲ အပျင်းပြေ ကြည့်နိုင်ဖို့ Science Fiction Thriller ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်မြို့အပါအဝင် နိုင်ငံတစ်ဝှမ်းကို အစိုးရအာဏာပိုင်တွေက ဘာကြောင့်ဆိုတာ အကြောင်းရင်း မပြောဘဲ နေအိမ်တွင်းမှာပဲ နေထိုင်ဖို့ လော့ဒေါင်းချဖို့ ပြင်ဆင်နေပါတယ်။ လိုလာဆိုတဲ့ ကောင်မလေးက လော့ဒေါင်းမချခင် သူမရဲ့ အစ်ကို ဖြစ်သူ နေထိုင်တဲ့ အိမ်ကို အထုပ်အပိုးတွေနဲ့ အရောက်သွားခဲ့ပါတယ်။ ဟိုမှာ သူ့အစ်ကိုနဲ့အတူ အခြားအခန်းဖော် ကေ့ချ်ဆိုတဲ့ အူကြောင်ကြောင် တစ်ယောက်လည်း အတူရှိနေတာပါ။ နေအိမ်ပြင်ပ ထွက်ခွင့်မပေးဘဲ တစ်ပတ်တစ်ခါ ရိက္ခာလာချသွားတဲ့ အထုပ်ကြီးထဲမှာ မျိုးစေ့တစ်ထုပ် ထူးဆန်းစွာနဲ့ ပါလာခဲ့ပါတယ်။ လိုလာဟာ အဲဒီမျိုးစေ့တွေကို ခြံထဲက မြေကွက်လပ်မှာ စိုက်လိုက်ပြီး နောက်နေ့မှာပဲ ထူးဆန်းစွာနဲ့ သူမပျိုးစေ့ထည့်ခဲ့တဲ့ မြေဟာ အပေါက်ကြီး ဖြစ်နေပြီး အဲဒီအထဲမှာ စေးကပ်ကပ် မွှေးပျံ့တဲ့ အရည်တစ်မျိုး ရှိနေပါတယ်။ အဲဒီအရည်တွေကို သူတို့သုံးယောက် စမ်းသပ်သောက်ကြည့်လိုက်တဲ့ အခါမှာတော့…..။ File Size… (1.33 GB) / ( 569 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi