
ဒီဇာတ်ကားက 1998က ထွက်ရှိခဲ့တဲ့ Tekken gameရဲ့ anime ဇာတ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ DVD ခွေကို အိမ်ကလူကြီးတွေ မရှိတုန်း ထိုးကြည့်ပြီး မပေါ့်တပေါ်လေးတွေ ခိုးကြည့်တာ သတိရကြမှာပါ 😛 Version ကလဲ DVD Version ကို 720p လောက်လေးပဲ ရလို့ လောလောဆယ်တော့ ဒီဗားရှင်းလောက်နဲ့ပဲ ကျေနပ်လိုက်ကြပါဦး IMDb 5.2နဲ့ RTမှာ 5.3ရထားပါတယ်။ ဒီဇာတ်လမ်းက မိရှီိမာမိသားစုတွေရဲ့ ရန်ငြိုးကို အဓိကဇာတ်လမ်း တည်ထားတာပါ။ ငယ်စဉ်ကတည်းက ဖခင်ဖြစ်တဲ့ ဟဲဟချိမိရှိမာ ချောက်ကမ်းပါးပေါ်က ပစ်ချတာခံခဲ့ရပြီး သေရာပါဒဏ်ရာတွေနဲ့ သေကံမရောက်ခဲ့တဲ့ ခါဇုယ မိရှီမာဟာ အဖေကို ကလဲ့စားချေဖို့ မိရှီမာလုပ်ငန်းစုက ပြုလုပ်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ လုပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မိရှီမာလုပ်ငန်းစုရဲ့တရားမဝင် စမ်းသပ်ချက်တွေကို ထောက်လှမ်းချင်နေတဲ့ အစိုးရအဖွဲ့တွေက ဒီကိစ္စကိုစုံစမ်းဖို့ အေးဂျင့် ၂ယောက်ကို အဆိုပါပြိုင်ပွဲမှာ ပြိုင်ဖို့ စေလွှတ်လိုက်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ ခါဇုယက သူ့အဖေကိုလက်စားချေနိုင်မလား၊ မိရှီမာလုပ်ငန်းစုရဲ့ မသမာမှုတွေကို ဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုရမှာပါ။ File size… 300 mb Quality… DVDrip 720p Format… mp4 Duration…. 57m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX