
ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်ကျော် Tekkenဂိမ်းကို Live actionအဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အနောက်တိုင်းသရုပ်ဆောင်တွေနဲ့ ပြန်ရိုက်ထားတဲ့ Live actionဆိုတော့ ထွေထွေထူးထူးပြောစရာရယ်တော့ မရှိပါဘူး။ ကြည့်ပျော်ရှုပျော်တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲတွေဖြစ်အပြီးမှာ အစိုးရအဖွဲ့တွေပြိုလဲသွားပြီး ကော်ပိုရေးရှင်းဆိုတဲ့အဖွဲ့တွေ ကမ္ဘာ့အနှံ့မှာ သူ့နေရာနဲ့သူ သီးခြား ရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းကတော့ တက်ခန်မြို့တော်ဆိုတဲ့ အဖွဲ့အစည်းပေါ့။ ဒီကော်ပိုရေးရှင်းတွေက တစ်နှစ်တစ်ခါ စုစည်းပြီး “သံမဏိလက်သီး”ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပလေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာ တစ်ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့တော်ရဲ့ အပြင်ဘက် အန်ဗေးလ်ဆိုတဲ့ မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ကောင်လေးက ဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ သူ့အမေကို သေစေခဲ့တဲ့ တက်ခန်ကော်ပိုရေးရှင်းရဲ့ အကြီးပိုင်းခေါင်းဆောင် တွေကို လက်စားချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် အောင်မြင်နိုင် မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်အဆင့်ထိရောက်နိုင်မလဲ၊ ဘယ်လိုရန်သူတွေကို ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက် အထိုးအကြိတ်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director