
Tebus (2023) အန်နဟာ မီဒီယာတွေပေါ်မှာတော့ အရာရာပြည့်စုံပြီး ဆိုးသွမ်းနေတဲ့ ဆူချီလက်၀တ်ရတနာရဲ့ ဆက်ခံသူသူဌေးသမီးတစ်ဦးပေါ့။ ဒါပေမယ့်အဖေအရင်း ဆုံးပြီးတဲ့နောက်မှာ မပျော်မရွှင်နေနေရတဲ့အန်နရဲ့အဖြစ်ကို ဘယ်သူမှမသိကြပါဘူး။ အန်န့အဖေရဲ့ သူငယ်ချင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ဘာကာက အန်န့အဖေဆုံးပြီးတဲ့နောက် ဆူချီလုပ်ငန်းကို ဦးစီးလိုက်ပြီး အန်န့အမေနဲ့လက်ထပ်ကာ အန်နရဲ့အဖေအသစ်ဖြစ်လာပါတော့တယ်။ သူက ဂရုစိုက်တဲ့အဖေအဖြစ် ကြင်နာတတ်တဲ့ခင်ပွန်းကောင်းအဖြစ်နေနေပေမယ့် ထက်မြတ်တဲ့အန်နကသာ အဲ့မျက်နှာဖုံးအောက်မှာဘာရှိလဲ သိနေခဲ့ပါတယ်။ အန်န့အမေဟာလည်း ဘာကာရဲ့အယုံသွင်းခြင်းခံထားရတာမို့ အန်နပြောတာတွေလည်းနားမထောင်ပေးတော့ပါဘူး။ ဆူချီလက်၀တ်ရတနာဆိုင်တစ်ခုရဲ့ အရည်အချင်းရှိတဲ့လုံခြုံရေး၀န်ထမ်း ဂျိုဟန်ဟာ အကြောင်းကြောင်းကြောင့် အန်နရဲ့ကိုယ်ရံတော်တစ်ယောက်ဖြစ်လာပါတယ်။ ဂျိုဟန်ရဲ့ ညီလေးက နှလုံးမှာစက်တပ်ထားရပြီး နှလုံးအစားထိုးမခွဲစိတ်ရရင် နှစ်ပတ်အတွင်းသေဆုံးတော့မှာဖြစ်ပါတယ်။ ညီလေးအတွက် ဘယ်လိုအခွင့်အရေးမျိုးကိုမဆို အရယူမယ့် ဂျိုဟန် နဲ့ ပထွေးကို ရင်ဆိုင်တိုက်ခိုက်ရမယ့် အန်နတို့ နောက်ဆုံးမှာ ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစရာအက်ရှင်ဇာတ်၀င်ခန်းတွေနဲ့ အတူ ဂျိုဟန်ရဲ့ညီလေးအပေါ်မေတ္တာကို ကြည်နူးဖွယ်ကောင်းစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Genre….. Action Quality…. 1080p | 720p File size… 1.9GB | 902MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Jane Encoder ….. Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 902MB | Download | |
| 720p | 902MB | Download | |
| 720p | 902MB | Download | |
| 720p | 902MB | Download | |
| 720p | 902MB | Download | |
| 720p | 902MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director