
Tankhouse (2022) ============== IMDb Rating – 5.6/10 ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ ဇာတ်ပို့ဇာတ်ရံပေါင်းများစွာနဲ့ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့ တက်ခ်ကာ နဲ့ ဆန်ဒရင်း တို့က ပြဇာတ်တွေ လှည့်လည် ကပြကြရင်း အပြန်အလှန်ချစ်ကြိုးသွယ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ပေါ့။ တစ်နေ့ သူတို့နှစ်ယောက်ရဲ့ နစ်မြုပ်နေတဲ့ ပြဇာတ်ရုံ ထိုးနှက်မှု ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ပြဇာတ်တစ်ပုဒ် ကပြဖျော်ဖြေနေစဉ်မှာပဲ မတော်တဆမှုတစ်ခုဖြစ်ပွား သွားခဲ့ပြီး ထုတ်လုပ်ရေးကနေ နှစ်ယောက်လုံး အလုပ်ဖြုတ်ခံလိုက်ရတယ်။ အဲဒီဖြစ်ရပ်ကြောင့်ပဲ မိဘတွေဆီက အထောက်အပံ့တွေလည်း ဖြတ်ခံရ၊ နယူးယောက် ပြဇာတ်ထုတ်လုပ်ရေးတွေကနေပါ လက်သင့်မခံကြ ဖြစ်လာတော့တယ်။ ဒီလိုနဲ့ပဲ ဆန်ဒရင်းရဲ့ မွေးရပ် ဖာဂိုမြို့လေးကို ပြောင်းရွှေ့လာကြပြီး မြို့ရဲ့ ပြဇာတ်ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးပမ်းကြတော့တာပေါ့။ စစ်မှန်တဲ့အနုပညာကို ဦးစားပေးလွန်းပြီး အရမ်း သဝန်တိုတတ်တဲ့ တက်ခ်ကာ နဲ့ ချောမော လှပပြီး သရုပ်ဆောင်တော်လွန်းတဲ့ ဆန်ဒရင်း တို့ကြား ဘယ်လို ပြဿနာတွေ ရှိလာနိုင်မလဲ။ တက်ခ်ကာ လိုချင်တဲ့ အနုပညာမြောက်လွန်းတဲ့ ပြဇာတ်အဖွဲ့ကြီး ဖွဲ့စည်းနိုင်ပါ့မလား။ တကယ်ပဲ စစ်မှန်တဲ့ အနုပညာတွေ ရှာတွေ့နိုင်ပါ့မလား ဆိုတာကတော့ ဇာတ်ကားထဲမှာ မကြာမီ လာမည် မျှော်…ပေါ့ဗျာ။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Noam Tomaschoff က ရိုက်ကူးထားပြီး တက်ခ်ကာ အဖြစ် မင်းသား Stephen Friedrich နဲ့ ဆန်ဒရင်း အဖြစ် မင်းသမီး Tara Holt တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.5 GB) / (830 MB) / (530 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 34mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….May Thet Khine Soe Encoder……….SWM