
Talisman: The Luck Stealer (2022) ******************************** ကံကောင်းမှုတွေဟာ သတ်မှတ်ထားတဲ့ပမာဏရှိတာမို့ တစ်ယောက်က ကံကောင်းရင် တစ်ယောက်က ကံဆိုးတတ်ပါတယ်တဲ့။ အရည်အချင်းရဲ့နောက်မှာ ကံကပါ ကပ်လိုက်လာတယ်ဆိုတာကို ယုံကြည်ကြတဲ့ သူတွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း- ကံဆိုးလှတဲ့ ဂျောင်ဂီဆမ်း (Joo Young Ho) ဟာ ၁၀နှစ်ကျော်ကြာ လူရွေးပွဲတွေ လိုက်ဖြေနေသော်လည်း ကျမြဲကျဆဲဖြစ်ပြီး နာမည်မရှိ သရုပ်ဆောင်အဖြစ်နဲ့ပဲ ကျင်လည်နေရတဲ့သူပါ။ ဒါ့ကြောင့် သူ့ခမျာ ထိပ်တန်းကြယ်ပွင့်ဖြစ်ပြီး ဟောလီးဝုဒ်အထိပါ ခြေဆန့်တော့မယ့် မင်းသား ဂျောင်အွန်းချော (Kwon Hae Sung) ကို တိတ်တိတ်လေး မနာလိုဖြစ်နေရတော့တာပေါ့။ တစ်နေ့မှာတော့ ချက်ချင်းကြီး ကံဇာတာအရမ်းတက်သွားတဲ့ သူငယ်ချင်းရဲ့ ပြောကြားချက်အရ သူဒီလိုကံတွေဆိုးနေရတာဟာ သူ့ရဲ့ကံကောင်းမှုတွေကို လုယူသွားတဲ့လူရှိလို့ဆိုတာနဲ့ ကံပြန်ကောင်းလာဖို့အတွက် အဆောင်ရေးပေးတဲ့ ရှေ့ဖြစ်ဟောဆရာမရှိကြောင်း သိသွားတဲ့အခါမှာတော့ ဂျောင်ဂီဆမ်းတစ်ယောက် သူ့ကိုကံဆိုးစေခဲ့တဲ့လူအကြောင်းသိရဖို့ ရှေ့ဖြစ်ဟောဆရာမဆီ ချက်ချင်းလိုက်သွားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ကံကောင်းမှုတွေကို လုယူသွားတဲ့သူက သူအမြဲမနာလိုဖြစ်နေရတဲ့ မင်းသား ဂျောင်အွန်းချောဆိုတာကို သိလိုက်ရပြီး ကံကောင်းမှုကိုပြန်လည်ရယူဖို့အတွက် ရှေ့ဖြစ်ဟောဆရာမ ရေးပေးလိုက်တဲ့ အဆောင်နဲ့အတူ ညွှန်ကြားချက်အတိုင်း မန္တန်ရွတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဂျောင်ဂီဆမ်းတစ်ယောက် ကံကောင်းမှုတွေ ပြန်ရလာနိုင်ပါ့မလား.. မန္တန်ရွတ်ဖို့အတွက်ရော အစစအရာရာ ရှောရှာရှူရှူဖြစ်သွားပါ့မလား….ဆိုတာကို မင်းသားတွေရဲ့ ယုတ္တိဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။) File Size : 940MB/ 460MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:21:55 Genre : Action, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 940MB | Download | |
| 1080p | 940MB | Download | |
| 1080p | 940MB | Download | |
| 1080p | 940MB | Download | |
| 720p | 460MB | Download | |
| 720p | 460MB | Download | |
| 720p | 460MB | Download | |
| 720p | 460MB | Download | |
| 720p | 460MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.2 / 10
Director