
ဒီဇာတ်ကားလေးဟာဆိုရင် မတူညီကွဲပြားတဲ့ နေရာဒေသ အချိန်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးဆန်းသော ဇာတ်လမ်း (၃ ) ခုကို ကျောရိုးအခြေခံပြီး ဒါရိုက်တာ (၃) ယောက်ကနေ ရိုက်ကူးထားတာပါ ။ ဒီတော့ ဇာတ်ကားတစ်ကားထဲနဲ့ သုံးကားကြည့်ရသလို ခံစားစေရမှာအမှန်ပါပဲ ။ အခုတော့ ဇာတ်လမ်းအကျဥ်းလေးနဲ့ တစ်ချက်မိတ်ဆက်ပေးပါမယ် ။ ❏ မှောင်မဲနေသော ထောင့်စွန်းတစ်နေရာမှ အရိပ်ဆိုး ❏ နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်တဲ့ ယိုယာ တစ်ယောက် သူမရဲ့ အိမ်ဟောင်းကနေပြီးတော့ အိမ်သစ်ဆီကိုပြောင်းရွှေ့ခဲ့ပါတယ် ။ အိမ်သစ်ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာ ထူးဆန်းတဲ့ ကိစ္စတွေတစ်ခုပြီးပြီးတစ်ခုဖြစ်ပျက်လာပြီးတဲ့နောက် ကိုယ်တိုင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလို့ထင်ခဲ့ပေမဲ့ အိမ်မက်ဆိုးများက တစ်ရိပ်ရိပ်ခြောက်လှန့်လို့နေသောအခါ...။လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဆောက်အဦးပေါ်ကနေ ခုန်ချသွားတဲ့ အမျိုးသားရဲ့ပုံရိပ်ကို စိတ်ထဲစွဲကျန်နေရစ်ခဲ့တဲ့ ယိုယာတစ်ယောက် သူမကြုံတွေ့ရတဲ့ ထူးဆန်းတဲ့ ကိစ္စတွေဟာ သူမစိတ်ထင်ဖြစ်နေလား ? ဒါမှမဟုတ် သရဲ / သစ္ဆေများလား ? ❏ ရက်စက်လှတဲ့ သေဆုံးမှု ❏ ဖွံ့ဖြိုးတိုးတတ်လာတဲ့ အင်တာနက်ခေတ်ကြီးမှာ အွန်လိုင်း ဆယ်လီတွေ ပေါများလို့နေခဲ့ပါတယ် ။ အဲဒီအထဲကမှ အွန်လိုင်းဆယ်ဆီ LIVE လွှင့်သူ ယန်ဝေချန်ဆိုသူဟာ စူပါမားကတ်တစ်ခုမှာ LIVE လွှင့်နေခဲ့ပါတယ် ။ တစ်ချိန်ထဲမှာပဲ သူ့နည်းတူ LIVE လွှင့်သူတစ်ယောက်နဲ့ တွေ့ဆုံပြီး အဲဒီစူပါ မားကတ်ထဲမှာ ထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့တဲ့အခါ...။ မှောင်ရိပ်လွှမ်းနေတဲ့ စူပါမားကတ်ကြီးဟာ တကယ်တော့ ရက်စက်ဖွယ် ကြောက်မက်ဖွယ်ကောင်းတဲ့ လျို့ဝှက်ချက်တစ်ခု ရှိနေပါတယ် ။ အဲဒီလျှို့ဝှက်ချက်က ဘာများဖြစ်နေမလဲ ? ❏ လှေကားထစ်မှ စောင့်ဆိုင်းနေသူ ❏ အဆောက်အဦးကြီးတစ်ခုရဲ့ လှေကားထစ်များဆီက ရေကျသံများကြားရပြီး ရေနစ်သေထားသည်ဟု ထင်ရတဲ့ အလောင်းတစ်လောင်းရဲ့ လှုပ်ရှားသံတွေ...။ အဆောက်အဦးကြီးမှာနေထိုင်ကြတဲ့ သူတွေဟာ ဒီကိစ္စကိုဖြေရှင်းဖို့အရေး ကြိုးစားကြရင်း ဒီသေဆုံးသူဟာ အသတ်ခံရမှန်းသိရှိသွားခဲ့ရပါတော့တယ် ။ ဒီတော့ ဒီသေဆုံးသူဟာ သူ့ကို သတ်တဲ့သူကို လိုက်ပြီးလက်စားချေနေတာများလား ? တရားခံ လူသတ်သမားကရော ဘယ်သူများဖြစ်နေမလဲ ? ကဲအခုပဲ ဒီဇာတ်လမ်းသုံးခုရဲ့ နောက်ကွယ်က အမှန်တရားတွေကို လှည့်ကွက်ပေါင်းစုံကြားမှာ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Horror Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK