
အရမ်းချမ်းသာတဲ့ ချန်းမိသားစုမှာ ဖခင်ဖြစ်သူက သူမရှိတော့တဲ့နောက် မိသားစုလုပ်ငန်းတွေကို ဦးစီးဖို့ သားအငယ်ဖြစ်သူ ရောဘတ်ချန်းကို အားလုံးလက်လွှဲပေးခဲ့ပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူ ဝီလီယံနဲ့ ညီဖြစ်သူ ရောဘတ်ကြားမှာ အဖုအထစ်လေးတွေ ရှိလာခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် ညီဖြစ်သူရောဘတ်ရဲ့ (၂၅)နှစ်ပြည့် မွေးနေ့က ဆိုက်ရောက်လို့လာပါတယ်။ ညီဖြစ်သူကို စိတ်ခုနေတဲ့ ဝီလီယံက မွေးနေ့မှာ ဟန်ဆောင်ပြန်ပေးဆွဲခိုင်းပြီး စပရိုက်စ်မွေးနေ့ပါတီ လုပ်ပေးဖို့ အကြံရသွားပါတယ်။ ရွှေဉာဏ်တော် ကွန့်မြူးလွန်းတဲ့ ဝီလီယံတစ်ယောက် အစီအစဉ်တိုင်း သူ့ညီအတွက် Prank အောင်မြင်ပါ့မလား...။ ဟန်ဆောင်ပြန်ပေးဆွဲဖို့ သူငှားလိုက်တဲ့ လူတွေက နားလှည့်ပါးရိုက်လုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ...။ အဖေဖြစ်သူချန်ခဲ့တဲ့ စာကိုရော ရောဘတ်တစ်ယောက်ဖတ်ခွင့် ရပါ့မလား...။ ဒါတွေအားလုံးကို တစ်နာရီခွဲစာ ဒီကားလေးအတွင်းမှာ အဖြေရှာနိုင်ပါတယ်။ IMDB 4.7 နဲ့ Rotten Tomatoes 67% ရရှိထားသလို Father Issues အသီးသီးရှိသူတွေကြားက ဖြစ်ရပ်တွေကို ပုံဖော်ထားတာ ဖြစ်လို့ ကြည့်ကောင်းမဲ့ ကားလေးဖြစ်ပါတယ်။ ။ ရုပ်ရှင်ဆု ၂ ဆု နဲ့ တစ်ကြိုစာရင်း ၅ ကြိမ် ဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ် Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size…990MB | 513MB | 186MB Format… mp4 Duration…. 1h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leo Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download | ||
| 1080p | Download | ||
| 720p | Download |