
Christmas နားနီးပြီဆိုတော့ Christmas vibe ရစေမယ့် Romance ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်မှာပါတဲ့ Navidad ဆိုတာက စပိန်လို Christmas ကို ဆိုလိုတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲက အဓိကမင်းသမီး Carmen က ပေါ်တိုရီကိုလူမျိုး Pastry chef တစ်ဦးဖြစ်ပြီးတော့ ကိုယ်ပိုင်မုန့်ဆိုင်လေးတစ်ဆိုင် ဖွင့်ဖို့ အိပ်မက်ရှိသူဖြစ်ပါတယ်။ သူအလုပ်လုပ်နေတဲ့ဆိုင်ကိုလာနေကျ ဖောက်သည်တွေက သူ့ကို ခရစ္စမတ်နေ့ရန်ပုံငွေပွဲတစ်ခုအတွက် စားဖိုမှူး နေရာကိုဝင်ပြိုင်ဖို့ ဖိတ်ခေါ်သွားခဲ့ပါတယ်။ မုန့်လုပ်နည်းတွေကို မိသားစုဆီကပဲ သင်ယူထားတာဖြစ်ပြီးတော့ တခြားစားဖိုမှူးတွေလို ဟင်းချက်ကျောင်းမျိုးလည်း မတက်ဖူးတဲ့ Carmen က စိတ်လှုပ်ရှားပြီး ဝင်ပြိုင်ဖို့မဝံ့မရဲဖြစ်နေပါတယ်။ မိသားစုဝင်တွေရဲ့ တိုက်တွန်းမှုကြောင့် ဝင်ပြိုင်ဖြစ်ပြီး အရွေးခံရပြီးတဲ့နောက်မှာ Carmen က တခြား စားဖိုမှူးတစ်ယောက် Jax နဲ့ တွဲဖက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Jax ကတော့ တိကျသေသပ်ပြီး စနစ်ကျတဲ့ Executive chef တစ်ယောက်ဖြစ်ပါတယ်။ အဲဒီတော့ တစ်ခုခုဆို ကြိုတင်ပြင်ဆင်တာမျိုးမဟုတ်ဘဲ သူ့စိတ်ထဲကခံစားချက်အတိုင်း ချက်တတ်တဲ့ Carmen နဲ့ စိတ်သဘောထားချင်းတိုက်ဆိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ စရိုက်မတူတဲ့ သူတို့နှစ်ယောက်က ရန်ပုံငွေပွဲအတွက် မီနူးတစ်ခုကို အောင်အောင်မြင်မြင်ထုတ်ပေးနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးဖို့ကြိုးစားရင်း ညှိနှိုင်းပုံတွေကို ကြည်နူးစရာ ရှုစားရမယ့်အပြင် ပေါ်တိုရီကိုအစားအသောက်တွေနဲ့ သူတို့ရိုးရာ Christmas ဆင်နွှဲပုံကိုပါ မြင်တွေ့ရမယ့် ရိုမန့်ကားကောင်းလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Monica May မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 750MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 28Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Monica May Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6GB | Download | |
| 720p | 750MB | Download | |
| 1080p | 1.6GB | Download | |
| 720p | 750MB | Download |