
Suzume (2022) IMDb Rating (7.6) / Rotten Tomatoes (96%) နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်ကျော်anime filmsတွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incကနေပဲ ထုတ်လုပ်ပေးတာပါ။ ဝတ္ထုအနေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်ဝေခဲ့ပါသေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အကောင်းဆုံးဖြစ်နေမယ်ဆိုတာကို ပြောဖို့တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီးတွေထွက်ရင်း လူမရှိတဲ့နေရာတွေ၊ အဆောက်အဦးတွေကိုမြင်ခဲ့ရာကနေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီတွေအကြောင်းပါထည့်သွင်းခဲ့ပါသေးတယ်။ ဇာတ်ဝင်တေးကိုလည်း Your nameနဲ့weathering with youတို့က သီချင်းတွေကိုသီဆိုပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူပေးထားတာမလို့ ရှေ့နှစ်ကားက သီချင်းတွေကြိုက်ခဲ့တဲ့သူတွေအတွက် အချိုပေါ်သကာလောင်းသလိုဖြစ်နေမှာသေချာပါတယ်။ ဝင်ငွေပိုင်းအနေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အမေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားအနေနဲ့ရပ်တည်နေသလို anime filmsတွေထဲမှာ အဌမမြောက်ဝင်ငွေအကောင်းဆုံးကားအဖြစ်လည်း တည်ရှိနေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်ငွေအကောင်းဆုံးကားတွေထဲမှာ ၁၄နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ) ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ Suzumeဟာ အဒေါ်နဲ့အတူနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ပါ။ သူငယ်စဥ်တုန်းက အမေသေချိန်မှာ အမေကိုလိုက်ရှာရင်း လမ်းပျောက်သွားခဲ့ဖူးပြီး ဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တနေ့မှာတော့ ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့နေရာကိုလိုက်ရှာနေကြောင်း၊ တံခါးတစ်ချပ်အကြောင်းမေးသွားခဲ့ပါတယ်။ နောက်တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွားလောက်တဲ့လူမရှိတဲ့နေရာဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကိုတွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာတော့…… File size…(3.9 GB) / (1.7 GB) / (900 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Animation Duration….02:01:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Dr Nyan
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | 3.9 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download |