
IMDb Rating (7.9) ကားရိုက်နည်းတဲ့ လက်ပွားမင်းသား ခေါ် မင်းသားကြီး Hrithik Roshan ရဲ့ ၂၀၁၉ ခုနှစ်ထွက် ဒရမ်မာရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံက သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပုံဖော်တင်ဆက်ထားတာပါ။ ဇာတ်လမ်းအညွှန်းမဖတ်ဘဲ ရုပ်ရှင်ကိုကြည့်တာကတော့ ပိုပြီး သင့်တော်ပါမယ်။ တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ စာမဖတ်ဘဲ ရှောင်နိုင်တာ အကောင်းဆုံးပါ။ ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်ဖြင့်… နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် သူ့မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ဒါပေမယ့် ဆင်းရဲတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့….။ ပညာရွှေအိုး လူမခိုး ဆိုတဲ့ ဆိုရိုးပဲကြားဖူးကြမှာပေါ့။ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ များလာတယ်။ ကျောင်းနေရင် ကျူရှင်မယူနိုင်တဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့ကြမယ်။ အဲ့ဒီလိုနဲ့ ဆင်းရဲလို့ ပညာရေးနဲ့ဝေးကွာခဲ့ရတဲ့ ကလေးတွေ ရှိကြတယ်။ ဒါတွေကို သူတို့မြို့မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့….. Super 30 အိပ်မက် ဖြစ်တည်လာခဲ့ပါတော့တယ်။ ဇာတ်လမ်းက ကျောင်းဆရာနဲ့တပည့်ဇာတ်လမ်းဖြစ်ပေမယ့် စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေးကောင်းပါတယ်။ နောက်ခံတီးလုံးတွေလည်း သစ်တယ်။ အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။ မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက အာနန်းကူးမားကို မျက်စိရှေ့မြင်တွေ့ရသလို ရင်ထဲရောက်လာမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ညီညီကိုးနဲ့ မြင့်သူ မှ တင်ဆက်ထားပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.9 / 10
Director