
ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Horror / Thriller အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်.. ဒီဇာတ်ကားလေးမှာဆိုရင် ရွှေ့ပြောင်းအခြေချသူတွေရဲ့ ခွဲခြားဆက်ဆံခံရတဲ့ အခြေအနေကို မျိုးရိုးစဉ်ဆက်လက်ဆင့် ကမ်းလာကြတဲ့ ယုံတမ်းပုံပြင်တစ်ပုဒ်နဲ့ ရောစပ်တင်ပြထားတာပဲ ဖြစ်ပါတယ်.. ပစိဖိတ်အနောက်မြောက်ပိုင်းဒေသတစ်ခုက တောအုပ်တစ်မှာ ကုတ်နီကြီး (The Red Coat) အမည်ရ နတ်ဆိုးကြီးတစ်ကောင်ဟာ ဒေသခံတို့ရဲ့ စိတ်နှလုံးအတွင်းနှင့် ပါးစပ်ဖျားမှာ နေရာယူထားသူ ဖြစ်ပါတယ်.. ယုံတမ်းစကားယောင်ယောင် တကယ့်အစစ်အမှန် ယောင်ယောင်နဲ့ မျိုးဆက်ပေါင်းများစွာ ယုံကြည်လာခဲ့တဲ့ ဒီနတ်ဆိုးကြီး အကြောင်းဟာ ပစိဖိတ်အနောက်မြောက်ပိုင်း သစ်တောအတွင်း ရက်ရက်စက်စက်သတ်ဖြတ်ခံရတဲ့ တိရိစ္ဆာန်လေးတွေအရေး ဖြစ်ပေါ်လာချိန်မှာတော့ ကုတ်နီကြီးအကြောင်းဟာ ပိုပြီးကျယ်ကျယ် လောင်လောင်ဖြစ်လာခဲ့ပါတယ်.. ထိုကာလမတိုင်မီမှာပဲ ကိုယ်ပိုင်တရားဝင်မြေနေရာမှာ ရိုးရိုးကုပ်ကုပ် လယ်မြေလုပ်ကိုင်ရင်း အခြေချနေထိုင်သူ တရုတ်မိသားစုဟာ ၎င်းတို့အားမလိုလားသူ ဒေသခံအမျိုးသားရေးဝါဒီတစ်ယောက်ရဲ့ ထွက်ခွာသွားရန် အတင်းအကြပ်ဖိအားပေးမှုနဲ့ ကြုံကြိုက်နေခဲ့ရပါတယ် အိမ်ထောင်ဦးစီးဖြစ်သူကို မြေရောင်းချပေးရန် အတင်းအကျပ် စေခိုင်းရင်း ငြင်းဆန်သဖြင့် စိတ်မထိန်းနိုင်ဖြစ်သွားတဲ့ လက်ယာစွန်း အမျိုးသားရေးဝါဒီဟာ စိတ်လိုလက်ရပဲ သတ်ဖြတ်အလောင်းဖျောက် လိုက်ပါတော့တယ်.. သို့သော်လည်း ဒေသတွင်းတရားဥပဒေဟာ လူရယ်စရာသက်သက် ဖြစ်နေတဲ့အတွက် လူသတ်မှုဟာ အမှန်အတိုင်းထွက်ပေါ်မလာဘဲ မိသားစုကိုစွန့်ခွာထွက်ပြေးသွားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက် အဖြစ်သာ ပုံဖျက်ခံခဲ့ရပါတယ် ကျန်ရှိနေခဲ့သူ ဇနီးရဲ့ မိသားစုကိုပါ ထပ်မံဖိအားပေးဖို့အတွက် ရှို့မီးတစ်ခုဖန်တီးနေစဉ်မှာပဲ မအောင်မြင် လိုက်ဘဲရှိရာ ထိုအခိုက်မှာပဲ တရုတ်မိသားစုပိုင်ခြံဝန်းထဲသို့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ လူစိမ်းတစ်ယောက်ရောက်ရှိလာပြီး ကုတ်နီကြီး ဖြစ်ကြောင်းသိရှိသွားချိန်မှာတော့… ဒီရုပ်ရှင်ကားလေးဟာဆိုရင် ဒေသအလိုက်ဖြစ်တည်နေတဲ့ ကိုးကွယ် ယုံကြည်ရာကို အခြေခံပြီး လူမျိုးစွဲကြီးလွန်းသူ အပြင်လူလက်မခံ လိုသူနှင့် ရွှေ့ပြောင်းအခြေချသူတို့ကြား ပဋိပက္ခဖြစ်မှုကို ရိုက်ကူး တင်ပြထားတဲ့ Horror ဒရမ်မာကားလေးဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်များ မြည်းစမ်းခံစားနိုင်ရန် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (890 MB) / (570 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 890 MB | Download | |
| 1080p | 890 MB | Download | |
| 1080p | 890 MB | Download | |
| 1080p | 890 MB | Download | |
| 720p | 570 MB | Download | |
| 720p | 570 MB | Download | |
| 720p | 570 MB | Download | |
| 720p | 570 MB | Download | |
| 720p | 570 MB | Download |