![Summer Vacation [ Vacaciones de verano ]](https://www.channelmyanmar.to/wp-content/uploads/2023/11/KEY_ART.jpg)
“နွေရာသီအားလပ်ရက်”လို့အမည်ရတဲ့ ဟာသရုပ်ရှင်ကားသစ်လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အော်စကာနဲ့ ဖီးလစ်တို့ဟာ သူငယ်ချင်းနှစ်ယောက်ပါ။ အော်စကာမှာတော့ ခရစ်စတိုဘော နဲ့ လော်ရာဆိုပြီး သားတယောက် သမီးတယောက်ရှိပြီး ဖီးလစ်မှာတော့ ကာမင်ဆိုတဲ့ သမီးတယောက်ရှိပါတယ်။ ဖီးလစ်ဟာ ရိုးသားကြိုးစား အရှက်အကြောက်ကြီးပြီး ပိန်ပါးသလောက် အော်စကာကတော့ အပျင်းကြီးပြီး အကျင့်ပုပ်တဲ့ လူ၀၀ကြီးပါ။ တနေ့မှာတော့ သူတို့နှစ်ယောက်ဟာ ရုတ်တရက်ဆိုသလို ကုမ္ပဏီကနေအလုပ်ပြုတ်သွားပြီး ဟိုတယ်တခုမှာ အလုပ်သွားလုပ်ဖို့အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ အလုပ်သွားလုပ်တဲ့အခါမှာ ဖီးလစ်နဲ့ အော်စကာနှစ်ယောက်တည်းမဟုတ်ဘဲ သူတို့ရဲ့ သားသမီးသုံးယောက်ပါ လိုက်ပါလာဖို့အကြောင်းဖန်လာတဲ့အချိန်မှာတော့ ဟိုတယ်ကိုရောက်သွားတဲ့အချိန်မှာ ဖီးလစ်တို့သူငယ်ချင်းနှစ်ယောက် ကလေးတသိုက်နဲ့ ဘယ်လိုတိုင်ပတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအစပိုင်းက အကြောင်းအရာတွေကို စပွိုင်လာဖြစ်မှာစိုးတာကြောင့် ရီဗျူးကိုတိုတိုပဲရေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ချင်မောချင်ရင်တော့ ကြည့်ဖို့ရွေးချယ်သင့်ကြောင်း အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုရပ်လိုက်ပါတော့မယ်။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director