
၁၉၉၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံတွင်း ကလေးသူငယ်သတ်သေမှုနှုန်းက တစ်စတစ်စ မြင့်တက်လာခဲ့ပါတယ်။ ဒီလိုသတ်သေမှုတွေဖြစ်ပေါ်စေတဲ့အကြောင်းပြချက်တွေထဲက တချို့ဖြစ်တဲ့ အထီးကျန်ခြင်း၊ သီးသန့်နေခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားမှုလျော့နည်းခြင်း၊ မိမိအသက်ကိုတန်ဖိုးမထားခြင်း စတဲ့အချက်တွေကို မြင်သာအောင်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ မေလ ၂၇ ရက်နေ့မှာ ဘူတာတစ်ခုမှာ ကျောင်းသူ ၅၄ ယောက် ရထားရှေ့ခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ ဒီအကြောင်းအရာက တစ်နိုင်ငံလုံးကို အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပါတယ်။ အဲဒီအကြောင်းအရာဖြစ်ပြီးမကြာခင်မှာပဲ သူနာပြုနှစ်ယောက် တိုက်ပေါ်က ခုန်ချသတ်သေမှု ဖြစ်သွားခဲ့ပါတယ်။ ဖြစ်ရပ်နှစ်ခုကို မဆက်စပ်မိခဲ့ကြပေမယ့် အခင်းဖြစ်ပွါးရာ နေရာ ၂ နေရာလုံးမှာ လူ့အရေပြားတွေကို တွဲချုပ်ထားတဲ့အလိပ်ထည့်ထားတဲ့ အဖြူရောင်အားကစားအိတ်တွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရဲဌာနခေါင်းဆောင်ပိုင်းတွေက သတ်သေမှုပဲ တိုက်ဆိုင်တာပဲလို့ ပြောကြပေမယ့် ခူရိုဒကတော့ ကွင်းဆက်လူသတ်မှုလို့ပဲ သဘောထားခဲ့ပါတယ်။ ဒီလိုနဲ့ လင်းနို့လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဆီက သတင်းပေးချက်ဝင်လာပြီးနောက်မှာ ဝက်ဘ်ဆိုက်တစ်ခုကို သိရှိခဲ့ပါတော့တယ်။ ဝက်ဘ်ဆိုက်က သတ်သေတဲ့လူဦးရေကိုပြသထားတာဖြစ်ပြီး ဘာသတင်းမှမထုတ်ပြန်ခင် အရေအတွက်တိုးပွါးလာတာပဲဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေရှိမလဲ… ခူရိုဒထင်သလို လူသတ်မှုပဲဖြစ်နေမလား… အထက်လူကြီးတွေထင်သလိုပဲ ရိုးရိုးရှင်းရှင်းလူသတ်မှုပဲဖြစ်မလား… File Size : 5 GB, 1.5 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 5 GB | Download | |
| 1080p | 5 GB | Download | |
| 1080p | 5 GB | Download | |
| 1080p | 5 GB | Download | |
| 1080p | 5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download | |
| 720p | 1.5 GB | Download |