
IMDB – 7 Rating ကောင်းမှကြည့်ချင်တဲ့သူတွေအတွက် ဟန်ဂေရီရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ အာကိုရှ်ရယ်တီဟာ ဖိနပ်စက်ရုံကအမျိုးသမီးတစ်ယောက်နဲ့ညဖက်မှာ အတူတူပြန်လာရင်း လမ်းမှာ မုဒိန်းကျင့်သတ်ဖြတ် ခဲ့တယ်ဆိုပြီး အစိုးရရှေ့နေဖက်က ရယ်တီကို တရားစွဲပါတယ်။ နှိပ်စက်မှုဒဏ်တွေ၊ ဝေခွဲမရနိုင်တဲ့အကြောင်းအရာတွေကြောင့် ရယ်တီဟာ သူသတ်ခဲ့ပါတယ်ဆိုပြီးဝန်ခံခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံရပါတယ်။ နောက်ပိုင်းမှာ ပြစ်ဒဏ် လျှော့ပေါ့ပေးမှုကြောင့် သေဒဏ်ကနေ ထောင်ဒဏ် ၂၅ နှစ် ပြောင်းလဲချမှတ်ပေးခဲ့တယ်။ ရယ်တီထောင်ကျပြီး ၇ နှစ် အကြာမှာ အလားတူလူသတ်မှုတွေပေါ်လာခဲ့တယ်။ အမျိုးသမီးတွေတစ်ယောက်ပြီးတစ်ယောက်အသတ်ခံ လာရတဲ့အခါ ပြည်သူတွေကြားမှာထိတ်လန့်မှုတွေ ဖြစ်လာခဲ့တယ်။ လူသတ်သမားရဲ့ သိုသိပ်စေ့စပ်မှုတွေကြောင့် ရဲတွေလည်း သက်သေတောင်ရှာမရဖြစ်နေပါတယ်။ အစိုးရရှေ့တစ်ယောက်ဖြစ်တဲ့ ဇိုတန်စီရီမာအီဟာ လက်ရှိအမှုတွေဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအမှုနဲ့တစ်စုံ တစ်ခုပက်သက်နေတာကိုသိသွားတဲ့အခါမှာတော့….. File size…1.59GB / 760MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 1m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin