
လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး အဆုံးသတ်တတ်တဲ့ ကာရန်အိုက်ဖယ်လ်ပါ။ သူ့ဘဝက အလွမ်းဇာတ်ဖြစ်မှာ သေချာသလောက်ပါပဲ။ ဒီတော့ သေရမယ်ဆိုတာ အသေအချာသိနေတဲ့ ဟာရိုးတစ်ယောက် သူ့ဘဝကို အတတ်နိုင်ဆုံး သူ ရှင်သန်ချင်တဲ့အတိုင်း ရှင်သန်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဟာရိုး သေရတော့မှာလား စာရေးဆရာ စိတ်ပြောင်းပြီး ဟာရိုးကို အသက်ရှင်ခွင့်ပေးမလား နောက်ဆုံး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(1.9 GB)/(1 GB)/(540 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Drama, Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phy Myat Thwe
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 720p | 1 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 1 GB | Download |