
Steve-O: Guilty as Charged (2016) ======================== IMDb Rating – 6.2/10 လူတစ်ယောက်ရဲ့အကျင့်ကိုဖျောက်ဖို့ ဆိုတာ ဘေးကနေ မလုပ်နဲ့လို့ ပြောနေတာထက် ကိုယ်တိုင်အသိ၀င်ပြီးမှသာ ပြောင်းလဲလို့ရတာကို သိကြမှာပါ။ စတိဗ်-အိုရဲ့ ဒီ TV special မှာလည်း အဲဒီအချက်ကို အထင်းသားမြင်ရပါတယ်။ ပေါက်ကရစတန့်လုပ်ထားတဲ့ ဟာသဗီဒီယိုတွေ၊ YouTube ဟာသ ဗီဒီယိုအကြည့်များတဲ့သူတွေကတော့ စတိဗ်-အိုကို သေချာပေါက် သိကြမှာပါ။ သူဟာ reality comedy series Jackass နဲ့ Jackass ရုပ်ရှင်တွေနဲ့ လူသိများတဲ့ နာမည်ကျော် အမေရိကန်ဟာသဖျော်ဖြေ ရေးသမား၊ စတန့်သရုပ်ဆောင်နဲ့ YouTuber တစ်ယောက် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ ဒီ TV special မှာတော့ စတိဗ်-အိုရဲ့ ဘ၀ဖြစ်စဉ်နဲ့ အပြောင်းအလဲတွေကို ရယ်ရွှင်ဖွယ်ရှုမြင်နားဆင်ကြရမှာပါ။ ငယ်စဉ်ကတည်းက ပြဿနာအိုး၊ ဆေးသမားဖြစ်ခဲ့ပြီး တက္ကသိုလ်က ထုတ်ခံရတဲ့အထိ ဆိုးသွမ်းခဲ့သူပါ။ ဟာသဖျော်ဖြေရေးသမား၊ စတန့် သရုပ်ဆောင်အဖြစ် လုပ်ကိုင်နေတဲ့ ကာလအတွင်း သူပေါက်ကရလုပ် ခဲ့တဲ့ အဖြစ်တွေ၊ သူ့ရဲ့ဆေးစွဲပြဿနာ၊ sex addict ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့လဲ၊ ပုထုဇဉ်လူသားပီပီ မကောင်းမှုမှာ ဘယ်လိုတွေမွေ့လျော်ခဲ့လဲဆိုတာတွေကို ဟာသနှောပြီး တင်ဆက် ထားပါတယ်။ တစ်ယောက်တည်း စင်ပေါ်တက်ပြောနေလို့ ပျင်းရမယ်တော့ မထင်ပါနဲ့၊ သူ့ရဲ့ တဲ့တိုးဆန်တဲ့ ဟာသစကားလုံးတွေ အမူအရာတွေကြားမှာ တခွီးခွီး ရယ်မောရင်း လိုက်မျောပါသွားမှာ သေချာပါတယ်။ သူဟာ သူများတွေလို ဘယ်နှစ်ယောက်ပေါင်းပြီး လောင်းကျော်တာမျိုးမဟုတ်ပါဘူး၊ သူတစ် ယောက်တည်းနဲ့ကို လောင်းကျော်နေသူပါ။ အဲဒါကြောင့် သူ့ရဲ့ဒီရုပ်ရှင်ဟာ ခဏတာရယ်မောရဖို့ အချိန်ပေးကြည့်ဖို့တန်ပါတယ်။ (18+ ဟာသတွေ တစ်ပြုံကြီးပါတာမို့ မိသားစုအတူမကြည့်သင့်ဘူးဆိုတာ တော့ ကြိုတင်သတိပေးပါရစေ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.06 GB) / (403 MB) Quality…………WEB-RIP 1080p / 720p Duration………50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….C’mon Encoder……….Zin Phyo Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.06 GB | Download | |
| 1080P | 1.06 GB | Download | |
| 1080P | 1.06 GB | Download | |
| 1080P | 1.06 GB | Download | |
| 1080P | 1.06 GB | Download | |
| 1080P | 1.06 GB | Download | |
| 720P | 403 MB | Download | |
| 720P | 403 MB | Download | |
| 720P | 403 MB | Download | |
| 720P | 403 MB | Download | |
| 720P | 403 MB | Download | |
| 720P | 403 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.2 / 10
Director