
Stalked by My Stepsister (2023) ======================= IMDb Rating – 6.4/10 ဒီတစ်ခါမှာတော့ CMပရိတ်သတ်ကြီးတို့ကို အသည်းတယားယား၊ ရင်ထဲကလိကလိနဲ့ လောင်မြိုက်ကြည့်ရှုရမဲ့ ကားတစ်ကားကိုတင် ဆက်ပေးပါမယ်။ အပြင်ပန်းမှာ ပန်းနုသွေးအင်နိုးစန့်ပြီး နောက်ကွယ် မှာ ချောက်ချကြိုးကိုင်နေတဲ့ လင်ပါသမီးနဲ့ သူ့လှည့်ကွက်ထဲရောက် နေတဲ့မယားပါသမီးတို့ရဲ့ အားပြိုင်မှုလို့ပဲပြောရမပေါ့။ ဇာတ်လမ်းကတော့ဒီလိုပါ။ ခန့်နဲ့ လော်ရာတို့လက်ထပ်လိုက်ကြတော့ သူတို့မှာ သမီးတစ်ယောက် စီပါလာတယ်။ ခန့်ရဲ့သမီးကဒက်ဗင်၊ လော်ရာ့သမီးက မက်ဒီ။ ခန့်နဲ့လော် ရာတို့က အခုကြိုက်အခုလက်ထပ်လုပ်လိုက်တော့ အဲဒီညီအစ်မလောင်း နှစ်ယောက်က အချင်းချင်းမသိခဲ့၊မတွေ့ဖူးကြဘူး။ တစ်ရက်ကျ ဒက်ဗင် က လန်ဒန်မှာကျောင်းတက်နေရာကနေပြန်လာပြီး အဲဒီ၄ယောက်လုံး တစ်အိမ်တည်းအတူနေဖို့ဖြစ်လာတယ်။ ဒက်ဗင်က အရမ်းချိုသာယဉ်ကျေးပြီး ပြီးပြည့်စုံတဲ့ညီမတစ်ယောက်ပုံစံ ဟန်ဆောင်နေပေမဲ့ သူအိမ်ရောက်လာကတည်းက အမေနဲ့သမီးကြား သွေးခွဲ၊ ကိစ္စတွေတစ်ခုပြီးတစ်ခု ဖြစ်လာပြီး အကုန်မက်ဒီ့အမှားအဖြစ် ပုံချခံရ၊ မက်ဒီ့ဘေးနားက ချစ်ရတဲ့သူတွေလည်း အန္တရာယ်ကျရောက် လာတဲ့အခါမှာတော့…။ မက်ဒီတစ်ယောက် ဒက်ဗင့်လှည့်ကွက်တွေကြားဘယ်လောက်ထိ ခံနေ ရပြီး ဘာတွေပေးဆပ်လိုက်ရမလဲ၊ သူဒက်ဗင့်လှည့်ကွက်ထဲကနေရုန်း ထွက်နိုင်ပါ့မလား၊ နောက်ဆုံး မက်ဒီပဲဖော်ထုတ်နိုင်မလား၊ အရင်က ဒက် ဗင်ရှင်းပစ်ခဲ့တဲ့ သူ့အဖေရဲ့ဇနီးလောင်းတွေလိုပဲ မက်ဒီတို့သားအမိ အဆုံး သတ်သွားပြီး ဒက်ဗင်ပဲနိုင်သွားမလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.42 GB) / (514 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.42 GB | Download | |
| 1080p | 1.42 GB | Download | |
| 720p | 514 MB | Download | |
| 720p | 514 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.4 / 10
Director