
Spring Garden (2024) ************************ The Medium ရဲ့ ပဲ့ကိုင်ရှင်တွေ ရိုက်ကူးထားတဲ့ အသစ်ဆက်ဆက် သရဲကားကြီး လာပါပြီနော်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတယ်ဆိုတော့ ကောင်းမကောင်းကတော့ ကိုယ်တိုင်ပဲ ကြည့်ရှုအမှတ်ပေးလိုက်ကြပါဦး..။ ဇာတ်လမ်းအညွှန်းလေးကတော့.. ဆိုဟွီက တိတ်ဆိတ်တဲ့ ကျေးလက်တောရွာလေးက အိမ်ကြီးတစ်ဆောင်မှာ ပန်းဥယျာဉ်လေးကို စိုက်ပျိုးပြီး နေသွားချင်သူ တစ်ယောက်ဖြစ်တဲ့အလျောက် သူ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ သူ့ခင်ပွန်းဖြစ်သူ ချန်းဆူက သူ့ဇနီးမသိစေဘဲ ဇနီးဖြစ်သူ ဆန္ဒအတိုင်း တစ်ထပ်တည်းတူတဲ့ အိမ်ကြီးကို ဖန်တီးပေးနေခဲ့တာပေါ့။ ဒါပေမဲ့ တစ်ရက်ကျ ခင်ပွန်းဖြစ်သူ ချန်းဆူက ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့ပြီး သူမသေခင် ဆိုဟွီနာမည်နဲ့ ချန်ရစ်ထားခဲ့တဲ့ နွေဦးဥယျာဉ် အိမ်ကြီးအကြောင်းကို ကြားလိုက်ရတဲ့ ဆိုဟွီတစ်ယောက် ခင်ပွန်းသည်ပေးတဲ့ နောက်ဆုံး အမှတ်တရလက်ဆောင်အိမ်ကြီးမှာ ပြောင်းနေခဲ့တဲ့အခါ..။ ဒါပေမဲ့ ဆိုဟွီမသိလိုက်တာကတော့ အဲဒီအိမ်ထဲမှာ သူ့အပြင် နောက်တစ်ယောက် ထပ်ရှိနေသေးတယ်ဆိုတာကိုပါပဲ။ အဲဒီအိမ်ပေါ်ကို ရောက်တာနဲ့ ဆိုဟွီတစ်ယောက် အိပ်မက်ဆိုးတွေ ဆက်တိုက်မက် နေ့စဥ်နဲ့ အမျှ ထူးဆန်းတဲ့ ကိစ္စတွေနဲ့ မျိုးစုံ ကြုံတွေ့လာရပြီး အိမ်ထဲမှာ ရှိနေတိုင်း အမြဲတမ်း တစ်ယောက်ယောက်ကို မြင်နေခဲ့တဲ့အခါ.. အမြဲလိုလို မကောင်းတဲ့ အငွေ့အသက်တွေကိုပဲ ခံစားနေခဲ့ရတဲ့အခါ… အဲဒါတွေက ဆိုဟွီထွက်သွားအောင် နည်းမျိုးစုံ သုံးပြီး ခြောက်လှန့်နေခဲ့တဲ့အခါ.. ..ဆိုဟွီတစ်ယောက် နောက်ဆုံးအချိန် အထိ အဲဒီပုဏ္ဏကတိုက်တဲ့ အိမ်ကြီးထဲမှာ ဆက်လက် နေထိုင်သွားနိုင်မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Miri မှ ရေးသားပေးထားပါတယ်။) File size…1.22GB / 500MB Quality… WEB-DL 1080p/ WEB-DL 720p Format…mp4 Duration….1h 30m Genre ….. Thriller, Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri & Treasure Htet