
လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာတ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 1080p | 2.7 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download |