
Songs of Earth (2023) IMDb Rating (7.1) / Rotten Tomatoes (100%) “Song of the Earth” (2023, Norway) Documentary ဟောဒီ ရုပ်သံမှတ်တမ်းက နော်ဝေရဲ့ အံ့ချီးလောက်စရာ အလွန်ထူးခြားတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုအကြောင်းပါပဲ။ လွန်လွန်ကျူးကျူးပြောရရင် အိပ်မက်မြေလို့ခေါ်နိုင်မယ့် သဘာဝအလှတွေ ပတ်ဝန်းကျင်တွေနဲ့ လူသားတို့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ အနက်ရှိုင်းဆုံးသရုပ်ဖော်ထားတဲ့ မှတ်တမ်းတစ်ခုပါ။ ဒီမှတ်တမ်းရုပ်ရှင်မှာ ကျောက်တုံးထူထပ်တဲ့ တောင်တန်းများကနေ ရေခဲတောင်တွေဖြစ်လာပုံတွေ၊ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝတရားရဲ့ ကောင်းကျိုးဆိုးကျိုးများကိုပါ ပြသပေးထားတာမလို့ သဘာဝရဲ့ လှပမှုနဲ့ တန်ဖိုးကို လူတွေစိတ်ဝင်စားအောင် သွေးဆောင်နိုင်တဲ့မှတ်တမ်းရုပ်ရှင်ဆိုလည်း မမှားပါဘူး။ သဘာဝအပေါ်ကို လူသားတွေရဲ့ လုပ်ရပ်တွေကြောင့် ဘယ်လိုသက်ရောက်မှုတွေရှိလာတယ်ဆိုတာရယ်၊ ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး သဘောထားတစ်ရပ် လူကြီးမင်းရင်မှာ အမြစ်တွယ်စေမှာလည်း ဖြစ်ပါတယ်။ ဒီမှတ်တမ်းကို ဘာလို့ကြည့်သင့်လဲလို့ မေးလာရင်တော့ နော်ဝေနိုင်ငံရဲ့ သဘာဝတရားအပေါ် ဘယ်လိုထိန်းသိမ်းထားသလဲဆိုတဲ့ မူဝါဒကိုမြင်နိုင်မယ်။ သဘာဝပတ်ဝန်းကျင်ထဲမှာ ရာသီဥတုပြောင်းလဲမှုအပေါ် လူသားတို့လုပ်ရပ်တွေက ဘယ်လို သက်ရောက်မှုမျိုးဖြစ်စေတယ်ဆိုတာ လေ့လာနိုင်ပြီး ကမ္ဘာ့အနာဂတ်အပေါ်မှာ အာရုံစိုက်မှုတစ်ခုကို ဖော်ကျူးနိုင်လို့ပါ။ ဆွစ်ဇာလန်ကိုပဲ လှတယ်လို့သက်မှတ်ထားရင် ဒီမှတ်တမ်းရုပ်ရှင်ထဲက နော်ဝေရဲ့ တောင်တန်းတွေ ရေခဲတောင်တွေ၊ သိပ်ကိုပြေပြစ်အချိုးကျတဲ့ မြက်ခင်းတွေရဲ့အလှတရားကို ခံစားကြည့်လိုက်ပါဦးနော်။ ဒီမှတ်တမ်းထဲမှာတော့ သမီးနဲ့ အဖေတို့နှစ်ယောက်သား တစ်နှစ်တာ အတူစကားပြော၊ အတိတ်တွေဖလှယ်ပြီး နေထိုင်ရာမြေသမိုင်း၊ မိသားစုနောက်ခံသမိုင်းတွေ ပြန်လှန်ပြောပြသွားတာ တွေ့ရမှာပါ။ လှပတဲ့ရှုခင်းများနဲ့ ဗဟုသုတများ ပေးစွမ်းနိုင်တဲ့မှတ်တမ်းရုပ်ရှင်မလို့ ရွေးချယ်ကြည့်ရှုသင့်ပါကြောင်း။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ပဲဖြစ်ပါတယ်။) File size…(2.4 GB) / (1 GB) Quality….BLU-RAY 1080p HEVC / 720p Format…. mkv/mp4 Duration….01:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 2.4 GB | Download | |
| 1080p HEVC | 2.4 GB | Download | |
| 1080p HEVC | 2.4 GB | Download | |
| 1080p HEVC | 2.4 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.1 / 10
Director