
‘Dat Rung Phuong Nam'(Song of the South)ဟာ ဗီယက်နမ် စစ်ပွဲနောက်ခံဝတ္ထုဖြစ်ပြီး ရသမျိုးစုံပေးစွမ်းနိုင်လို့ နာမည်ကျော်ခဲ့ပါတယ်။ 1997ခုနှစ်မှာ ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုရိုက်ကူးခဲ့ပြီး အတော်လည်း လူကြိုက်များရေပန်းစားခဲ့ပါတယ်။ အခုလည်း 2023 adaptionအဖြစ် နောက်တစ်ကြိမ် ရုပ်ရှင် ပိတ်ကားထက်ကို နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ…။ ဇာတ်အိမ်ပိုင်းမှာဆိုရင် အချစ်၊အမုန်း၊မေတ္တာ၊ဂရုဏာ ဘာမှ အပြစ်ပြောစရာမရှိအောင် ရသပေးစွမ်းနိုင်စွမ်းရှိတဲ့အပြင် ဗီယက်နမ်ရဲ့ ရှုခင်းလှလှတွေ၊ ရိုးရာဓလေ့တွေကို စစ်ပွဲနောက်ခံထားပြီး လှလှရိုက်ကူးပြသွားပါတယ်။ ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊ မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊ ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့ တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။ ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပြောပြရရင် အန်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ဖခင်ဟာ တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး နယ်ချဲ့တွေကို တောခိုကာပုန်ကန်နေသူပါ…။ ဒီအကြောင်းကို အစိုးရအရာရှိတွေသိသွားတော့ အန်နဲ့မိခင်ဖြစ်သူဟာ လက်ရှိမြို့ကအိမ်မှာ မနေနိုင်တော့ဘဲ ဖခင်ရှိရာနေရာကို ထွက်ပြေး လာခဲ့ပါတော့တယ်။ သို့ပေမယ့် လမ်းတစ်ဝက်မှာ အဓိကရုဏ်းတွေဖြစ်တော့ အန်ရဲ့မိခင်ဟာ တိုက်ပွဲတွေကြားကမြေစာပင်အဖြစ် ကျည်ထိပြီး အသက်ပျောက်ခဲ့ရရှာပါတယ်။ ဒီလိုနဲ့ အန်လေးတစ်ယောက်တည်း ဖခင်ဆီကို ဘယ်လိုခရီးဆက်မလဲ၊ လမ်းတစ်လျှောက်မှာ ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေက စောင့်ကြိုနေမလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာပဲ တစိမ့်စိမ့်စီးမျှော ခံစားကြည့်လိုက်ပါတော့ဗျာ…။ File size…2.18 GB / 1.09 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.18GB | Download | |
| 1080p | 2.18GB | Download | |
| 1080p | 2.18GB | Download | |
| 1080p | 2.18GB | Download | |
| 1080p | 2.18GB | Download | |
| 720p | 1.09GB | Download | |
| 720p | 1.09GB | Download | |
| 720p | 1.09GB | Download | |
| 720p | 1.09GB | Download | |
| 720p | 1.09GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.1 / 10
Director