
Something in the Woods (2022) ======================= Monster Horror ငယ်ငယ်ကဆို လူသားစားတဲ့ အကောင်ကြီးတွေကားဟာ အတော်ကြည့် ကောင်းခဲ့တယ်ပေါ့ဗျာ။ ဘယ်နေရာကနေ အဲအကောင်ကြီးထွက်လာမလဲ၊ တောထဲကိုလျှာရှည်ပြီး ရောက်လာတဲ့သူတွေ ဘယ်လိုပြေးရမလဲ၊ နောက်ဆုံးမှာ အကောင်ကြီးကို နိုင်သွားလား၊ ရှုံးသွားလား အဲဒါမျိုးတွေ ကြည့်ခဲ့ရတာပေါ့။ ဒီကားတွေရဲ့သဘောတရားတစ်ခုက ဇာတ်လိုက်တွေက အကောင်ကြီးကို နိုင်သွားတာဖြစ်တတ်သလို၊ မနိုင်ဘဲ အကောင်ကြီးကသာ အနိုင်ရသွားတာ မျိုးတည်းက တစ်မျိုးမျိုးနဲ့ အဆုံးသတ်တဲ့ကားတွေပါ။ အမြဲတမ်း happy ending ဖြစ်မယ် ခန့်မှန်းမရ၊ happy ခြင်း happy၊ sad ချင် sad၊ mysterious ဖြစ်ချင်ဖြစ်တဲ့ ကားမျိုးတွေပါ။ ဒီတော့ ဟောဒီ ၂၀၂၂ ရဲ့ Something in the woods ရုပ်ရှင်ကားထဲမှာလည်း ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ မွန်းစတားကားတွေလို ခံစားချက်မျိုးပြန်ရနိုင် မယ်လို့ထင်ပါတယ်။ လူသားစားတဲ့အကောင်ဆန်းကြီးတွေရဲ့ကားကို ကြိုက် တတ်တဲ့သူတွေကြည့်သင့်တဲ့ ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းသဘော တရားကလည်း နည်းနည်းရှုပ်ထွေးတာမို့ တော်တော်ကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင်တော့ လမ်းမတန်းကြီးတစ်ခု ဘေးနားမှာ ရပ်ထားတာသုံးလေးရက်ကြာပြီဖြစ်တဲ့ကားတစ်စီးနဲ့ ပျောက်ဆုံး သွားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ စတင်ထားပါတယ်။ အဆိုပါအမျိုးသမီး ပျောက်ဆုံးသွားစေရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲဆိုတာနဲ့ ဇာတ် လမ်းဟာ အထွဋ်အထိပ်ကို ဘယ်လောက်ထိဆွဲခေါ်သွားလဲ၊ ဘယ်လိုကြည့် ကောင်းလဲဆိုတာကိုတော့ Something in the Woods ကားကို ခံစားရင်ခုန် ကြည့်မှသာ သိနိုင်မှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)