
So Different (2009) =============== ဒီတစ်ခေါက်မှာတော့ ဆွီဒင် အချစ်ကားလေးတစ်ကား မိတ်ဆက် ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ နှစ်ယောက်တစ်ဘ၀၊ တစ်အိုး တစ်အိမ် ထူထောင်ပြီးရင်တောင် စိတ်သဘောထားချင်းမတူညီရင်၊ တစ်ယောက်ကိုတစ်ယောက်မချစ်ရင် အဆင်မပြေနိုင်တဲ့အကြောင်း ကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လော့တ်တာ နဲ့ စန်နာ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်မှာ သိပ်ကိုထူးချွန်တဲ့သူတွေ ဖြစ်ကြပါ တယ်။ လော့တ်တာဟာ သူ့ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်သက်တမ်းကြာ ပေမယ့် စရိုက်ချင်းမတူတဲ့အခါမှာ အဆင်မပြေဖြစ်ပြီး ကွာရှင်းထားတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ အောင်မြင်တဲ့နိုင်ငံရေးပါတီတစ်ခုရဲ့ ဥက္ကဌ ရာထူးကို ရရှိပြီးတဲ့နောက် ကျန်ခဲ့တဲ့သမီးနှစ်ယောက်နဲ့ ပါတီအရေးကြားမှာ မထိန်းချုပ်နိုင်ဖြစ်လာပါတော့တယ်။ စန်နာဟာဆိုရင်လည်း ရိုက်ကူးရေးအစီအစဉ်တစ်ခုမှာ ညှိနှိုင်းသူတစ် ယောက်အနေနဲ့ လုပ်ကိုင်နေတာဖြစ်ပြီး သူ့အချစ်ရေးကို လေးလေးနက် နက် မစဉ်းစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီညီအစ်မနှစ်ယောက် သူတို့ရဲ့အလုပ်နဲ့ အချစ်ရေးကြားမှာ ဘယ်လိုတွေအဆင်ပြေအောင် ကိုင် တွယ်သွားကြမလဲ၊ ဘယ်လိုအခက်အခဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်ကျော် ကြမလဲဆိုတာကို စိတ်၀င်စားစရာ ကြည့်ရှုရမှာလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့ Jaka ဖြစ်ပါတယ်) File Size……….(2.17 GB) / (927 MB) / (554 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Jaka Encoder……….SWM