
Snow White (2025) ဒစ္စနေးရဲ့ ကမ္ဘာကျော် ကာတွန်း စနိုးဝှိုက်ကို လူနဲ့ရိုက် လူနဲ့တီးထားတဲ့ ဗားရှင်း ထွက်ပါပြီ။ ဒါရိုက်တာကတော့ အားလုံးချစ်တဲ့ အချစ်ကားလေး 500 Days of Summer ရဲ့ ဖန်တီးရှင် Marc Webb ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း စနိုးဝှိုက်အဖြစ် ပြည်သူ့အချစ်တော် မင်းသမီးလေး Rachel Zegler ပါဝင်ထားပြီး မိဖုရားကြီးနေရာမှာလည်း မင်းသမီးကြီး Meryl Streep လိုမျိုး သရုပ်ဆောင်ကဝေတစ်ဆူဖြစ်တဲ့ Wonder Woman မင်းသမီး Gal Gadot က ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ လူပေါင်းသုံးသိန်းကျော်ကလည်း IMDb rating (4×5)-12 / 5 တောင်ပေးထားပါတယ်။ ဒီတော့ လက်လွတ်မခံဘဲ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း Gal Godot က ကမ္ဘာပေါ်မှာ အလှဆုံးဖြစ်ချင်တဲ့ စုန်းမ မိဖုရားကြီးပါ ဒါပေမဲ့ သူ့ရဲ့မှော်မှန်ကြီးက စနိုးဝှိုက်သာ အလှဆုံးပါလို့ ဆက်တိုက်ပြောနေလို့ စနိုးဝှိုက်ကို လုပ်ကြံပါတယ်။ (မိဖုရားက ပိုလှတယ်ဆိုပြီးဖင်ယားမဲ့သူတွေကို ဒစ္စနေးကကြောက်လို့ ဇာတ်လမ်းထဲမှာ စိတ်အလှပါလို့ ပြန်ရှင်းထားပါတယ်) အဲဒီမှာ စနိုးဝှိုက်တစ်ယောက် တောထဲကို ရောက်သွားပြီး လူပုလေး ၇ဖော်နဲ့ တွေ့ပါတယ်။ နောက်တော့ ပန်းသီးစား၊ မင်းသားတွေ့၊ ပြန်ချ ဘာညာပါ။ ဒါပါပဲ။ (အညွှန်းရေးသားသူကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (4.6 GB) / (1.8 GB) / (1.1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Family, Fantasy, Musical, Romance Duration…. 01:51:38 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin & Min Wai Translated by Act Molemy & Matteo