
ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းလေးမှာ ငမွဲကောင်လေး၊ လူမိုက်၊ ငွေးတိုးချေးတဲ့သူဌေး၊ ကြေးစားလူသတ်သမား၊ လွှတ်တော်အမတ်၊ အကျင့်ပျက်ရဲနဲ့ ပစ္စည်းပို့သမားလေး ဆိုတဲ့ အဓိက ဇာတ်ကောင် ၇ယောက်ပါဝင်ပါတယ်။ အလုပ်အတည်တကျမရှိတဲ့ ငမွဲကောင်လေး ကင်မင်ဂျယ်ဟာ သူ့အမေ ခွဲစိတ်ဖို့အတွက်ဆိုပြီး သူနေတဲ့အခန်းကိုဖယ်ပြီး တိုက်ခန်းစရံငွေ ဝမ် ၁၀သန်း ရထားပါတယ်။ သူ့ဆီကနေ ငွေတိုးချေးတဲ့သူဌေးဘတ်ရဲ့ လူမိုက်က ဒီငွေတွေကို အကြွေးပြန်သိမ်းသွားတယ်။ သူဌေးဘတ်ကတော့ ဒီငွေတွေကို လွှတ်တော်အမတ်မွန်းအတွက် ရန်ပုံငွေပေးရမှာပါ။ သူဌေးဘတ်က မပေးချင်တော့ လွှတ်တော်အမတ်ကိုသတ်ဖို့ လူသတ်သမားငှားပါတယ်။ တစ်ဖက်မှာ အကျင့်ပျက်စုံထောက်ချွဲက လောင်းကစားလုပ်ရင်း သူဌေးဘတ်ဆီမှာ သူ့သေနတ်ကို အပေါင်ထားလိုက်ရပါတယ်။ ရဲရဲ့သေနတ်ကို သူဌေးဘတ်က လူသတ်သမားဆီ ပို့ခိုင်းလိုက်တဲ့အခါမှာ ငမွဲလေး ကင်မင်ဂျယ်ဆီ မှားရောက်သွားရာကနေ ပြဿနာတွေ ပိုရှုပ်လာပါတော့တယ်။ ကင်မင်ဂျယ်တစ်ယောက် သူ့ငွေအိတ်ကြီးကို ဆုပ်ကိုင်လိုက်ရ လက်လွှတ်လိုက်ရနဲ့ သူ့အမေခွဲစိတ်ဖို့ လိုအပ်နေတဲ့ ပိုက်ဆံတွေကို ပြန်ရယူဖို့ အသည်းအသန်ကြိုးစားရှာပါတယ်။ တစ်ယောက်ချင်းဆီက သောက်တလွဲပြဿနာလေးတွေ လုပ်ရင်း ဒီငွေအိတ်ကြီးက ဒီလူ ၇ယောက်ကြားမှာ ဟိုလူ့ဆီရောက်လိုက် ဒီလူ့ဆီရောက်လိုက်နဲ့ ဒီလူ ၇ယောက်ကြားမှာ ဆက်စပ်ထားတဲ့ ဇာတ်လမ်းကြောင်းကတော့ အတော်လေးမိုက်ပါတယ်။ နောက်ဆုံးမှာ ငွေထုပ်ပိုင်ရှင် မောင်ကံကောင်းက ဘယ်သူဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။