
Snapshot of Love (2023) ================== ပါပါရာဇီသမားလေး အေဒရီရန်က နာမည်ကြီးနေတဲ့ တက်သစ်စမင်းသား ပါကာဘန်းနက်ရဲ့ ရုပ်ရှင်ပထမဆုံးရုံတင်ပွဲ ကော်ဇောနီမှာ ဓာတ်ပုံလုရိုက်ရင်း သူ့အိတ်ထဲက ပန်းသီးပြုတ်ကျသွားပြီး ပါကာလျှောက်နေတဲ့ ကော်ဇောနီပေါ် ကျသွားလေရဲ့။ အဲဒီလိုနဲ့ သရုပ်ဆောင်မင်းသား ပါကာလည်း ပန်းသီးနင်းမိရင်း မှောက်ပြီး ဂွမ်းတော့တာပါပဲ။ ဓာတ်ပုံသမားတွေကလည်း အမိအရ ပုံတွေရိုက် ရင်း ပါကာက မေ့ပါလဲသွားလို့ ထမလာနိုင်တော့ နောက်နေ့ အတင်းအဖျင်း မဂ္ဂဇင်းတွေမှာ မင်းသားပါကာဘန်းနက် ကော်ဇောနီပေါ် အရက်မူးပြီး မှောက် သွားပါတယ်လို့ သတင်းခေါင်းစဥ်အတပ်ခံရပါရော။ သူ့ကိုယ်သူ လိပ်ပြာမလုံတဲ့ အေဒရီရန်က ပါကာအတွက် စိတ်မကောင်းဖြစ်ပေမဲ့ သူ့ရဲ့အလုပ်ရှင်ကိုမလွန်ဆန်နိုင်တော့ အမှန်တရားကိုမချပြနိုင်ခဲ့ဘူး။ အဲဒီအချိန် ပါကာရဲ့အေဂျင်စီကလည်း အေဒရီရန်တို့ရဲ့မဂ္ဂဇင်းကို တရားစွဲမယ်တွေလုပ်တော့ အလုပ်ရှင်က အေဒီရန့်ကို ခဏအလုပ်နားပစ်လိုက်ရတယ်။ အေဒရီရန်လည်း အလုပ်ပျက်သွားလို့ သူ့အဒေါ်ရှိတဲ့မြို့ဆီ နေဖို့သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် ပါကာဘန်းနက်ကလည်း သူ့အဒေါ်ရဲ့တည်းခိုခန်းမှာ လာငှားနေတဲ့သူဖြစ်နေပြီး အဲဒီမှာဇာတ်လမ်းစတော့တာပါပဲ။ နောက်ပိုင်း နာမည်ကြီးမင်းသားနဲ့ သူ့သတင်း ထောက် ပါပါရာဇီတို့ရဲ့ ဘယ်လိုအချစ်ဇာတ်လမ်းတစ်ပုဒ် ဖန်တီးလာမလဲဆိုတာ ကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.57 GB) / (656 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….Thwal Htoo Zin Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.57 GB | Download | |
| 1080p | 1.57 GB | Download | |
| 1080p | 1.57 GB | Download | |
| 1080p | 1.57 GB | Download | |
| 1080p | 1.57 GB | Download | |
| 720p | 656 MB | Download | |
| 720p | 656 MB | Download | |
| 720p | 656 MB | Download | |
| 720p | 656 MB | Download |