
unicode Blu-Ray 1080p 5.1 CH x264 အက်ဖ်ဘီအိုင်အေးဂျင့် ဟောင်းလည်းဖြစ်၊ အမေရိကန် စစ်ပြန်တစ်ယောက်လည်းဖြစ်တဲ့ ဝီလ်ဆောယားဟာ စစ်ဆင်ရေး တစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ခြေ ထောက်တစ်ဖက်ဆုံးရှုံးခဲ့ရကာ ခြေတုနဲ့ လှုပ်ရှားနေသူပါ။ နောက်တော့ ဝီလ်ဟာ ဟောင်ကောင်မှာရှိတဲ့ အမြင့်ဆုံး မိုးထိတိုက်ကို လုံခြုံရေးကြီးကြပ် ဖို့ အလုပ်ခန့်အပ်ခံရပြီး သူတာဝန် ယူရမယ့် အမြင့်ဆုံးနဲ့ လုံခြုံရေး စနစ် အကောင်းဆုံး မိုးထိတိုက် ကြီးမှာ သူ့မိသားစုနဲ့အတူ ပြောင်း ရွှေ့နေထိုင်ခဲ့ပါတယ်။ The Pearl လို့ အမည်ရတဲ့ အဲဒီမိုးထိတိုက်ကြီးရဲ့ အလွှာတိုင်းမှာ ကိုယ်ပိုင်လုံခြုံရေးစနစ်ရှိပြီး ဝီလ်က အဆောက်အအုံတစ်ခု လုံးရဲ့ လုံခြုံရေးပိုင်းကို အဓိက တာဝန်ယူရတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ The Pearlမိုးထိတိုက်ဟာ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်ခြင်းခံရ ပြီး ဝီလ်တစ်ယောက် အဆောက် အအုံ လုံခြုံရေးပိုင်းဆိုင်ရာကို သေချာ သိထားသော်ငြားလည်းအခြေအနေတွေ ပိုပြီးရှုပ်ထွေး လာကာ သူကိုယ်တိုင်တောင် ပစ်မှတ်တစ်ခုလိုဖြစ်ခဲ့ပြီး အဖမ်းခံခဲ့ ရပါတယ်။ အကြမ်းဖက်အဖွဲ့တွေက ဝီလ်ကို နှိပ်စက်ညှဉ်းပန်းခဲ့သလို သူ့မိသားစုကို ဓားစာခံလုပ်ပြီး သူ တို့ဖြစ်ချင်တာတွေကို အတင်းအ ကျပ်ခိုင်းစေခဲ့ပါတယ်။ နောက်တော့ မိုးထိတိုက် ကြီးရဲ့ အလယ်ပိုင်းလောက်ကို အကြမ်းဖက်အဖွဲ့တွေက မီးရှို့ဖျက် ဆီးခဲ့ပြီး ဝီလ်ရဲ့ မိသားစုဟာ မီး လောင်နေတဲ့အလွှာမှာ ပိတ်မိနေ ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေက ဘာကြောင့် The Pearl ကို ပစ် မှတ်ထားခဲ့တာလဲ။ ဝီလ်တစ် ယောက် မိသားစုကို ဘယ်လိုတွေ သက်စွန့်ဆံဖျားကယ်တင်ရမလဲ ဆိုတာ သည်းထိတ်ရင်ဖို အက်ရှင် ပြကွက်တွေနဲ့ ဆက်ကြည့်ရ အောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဒွိန်းဂျွန်ဆင်၊ နီဗီကမ့်ဘဲလ်၊ ချင်းဟန်၊ ရိုလန်မို လာ၊ နိုအာတေလာ၊ ဘိုင်ရွန်မန်း စတဲ့သရုပ်ဆောင်များစွာ ပါဝင် ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြထားပါတယ်) (ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : 1.7 GB Quality : Blu-Ray 1080p 5.1 CH x264 Running Time : 1hr 42min Format : Mkv Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Hein Min Tun Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download |