
Horror Streaming Service ဖြစ်တဲ့ Shudder ရဲ့ အသစ်ထွက်ကားလေးပါ။ ဒီရုပ်ရှင်ကိုမရိုက်ခင် ဒါရိုက်တာဟာ Youtube ချန်နယ်တစ်ခုထောင်ပြီး Viewers တွေကို သူတို့ရဲ့အိပ်မက်ဆိုးတွေအကြောင်း မေးမြန်းခဲ့ပါတယ်။ ဒီနောက် သူတို့ပြောတဲ့အိပ်မက်ဆိုးတွေကနေ ဒီရုပ်ရှင်ကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ အဓိကကတော့ အကုန်ဘုံတူနေတယ်ပြောလို့ရတဲ့ အိပ်မက်ကိုပေါ့။ ဒါရိုက်တာဟာ " ကျွန်တော်ငယ်ငယ်က အိပ်မက်ဆိုးတစ်ခုမက်ခဲ့ဖူးတယ်။ အိပ်မက်ထဲ ကျွန်တော်က မိဘတွေနဲ့အတူအိမ်မှာပေါ့။ ပြီးတော့ ကျွန်တော့်မိဘတွေ ပျောက်သွားပြီး အိမ်ထဲမှာ မကောင်းဆိုးရွားတစ်ကောင်ရှိနေခဲ့တယ်။ ဒီလိုအိပ်မက်မျိုး လူတော်တော်များများလည်း မက်ဖူးကြပါတယ် " လို့ ပြောခဲ့သလို ဒီလိုပုံစံကိုပဲရိုက်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဟော်ရာကားပေမဲ့ Experimental Horror ခေါ် အတွေးအမြင်အသစ်ဟော်ရာကားမျိုးဖြစ်တဲ့အတွက် အမြင်များတဲ့ကားတွေနဲ့တော့မတူပါဘူး။ ဒီကားမှာဆို အိမ်တစ်အိမ်ထဲကပစ္စည်းတွေနဲ့ ဇာတ်ကောင်ဆိုလို့ ကလေး၂ယောက်လောက်ကိုပဲသုံးပြီး အိမ်တစ်လုံးထဲတင်ရိုက်ပြထားပါတယ်။ များသောအားဖြင့်တော့ First Person Point of View ကနေ ပြပြီး အိမ်အနှံ့လိုက်ပတ်ကြည့်ခိုင်းပြီး ကိုယ်တိုင် အဲဒီအိမ်ထဲရောက်သွားရသလို ပုံစံမျိုးရိုက်ထားပါတယ်။ မထင်ရင်မထင်သလို ဘာတွေမြင်ရမလဲမသိတာကိုကလည်း တော်တော်လေးလန့်ဖို့ကောင်းသလို ဇာတ်ကလည်း ခပ်ဆန်းဆန်းအကြောင်းအရာတွေပါ သွတ်သွင်းထားလို့ ဟော်ရာဖန်တွေ မြည်းစမ်းကြည့်သင့်တဲ့ ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 820MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 40Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
January 13, 2023
ကြာချိန်
1h 40m
အဆင့်သတ်မှတ်ချက်
5.8 / 10
Director
Kyle Edward Ball