
Sinam ဆိုတာ အိန္ဒိယလို '' rage / anger '' လို့ အဓိပ္ပါယ်ရပါတယ်၊ အမျက်ဒေါသပေါ့။ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ မှုခင်းစုံထောက် ရုပ်ရှင်မျိုးမို့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားမျိုးပေါ့ဗျာ။ အစပိုင်းမှာ ရိုးသားဖြောင့်မတ်ပြီး၊ အကြောက်အလန့်မရှိတဲ့ ပါရီဆိုတဲ့ ရဲအရာရှိတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ပါရီမှာ ကြင်နာပြီးနွေးထွေးတဲ့ ဇနီးချော ဒေါက်တာမလေး မက်ဒူနဲ့ သမီးလေး ဘာဂရာတို့လည်းရှိတယ်ဗျ။ နွေးထွေးတဲ့အသိုက်အမြုံလေးပေါ့ဗျာ။ တနေ့မှာ လူသတ်မှုနဲ့သံသယရှိတဲ့ တရားခံကို တရားခွင်ကို တင်သွင်းတဲ့နေ့မှာပဲ တရားရုံးရှေ့ လူအုပ်ကြားထဲမှာ လူသတ်မှုတစ်ခုဖြစ်သွားပါတော့တယ်။ အသတ်ခံလိုက်ရတဲ့သူက ပါရီတာဝန်ယူပြီး လိုက်ပို့တဲ့ တရားခံဖြစ်သူပါပဲ။ ဒီတော့ တာဝန်တွေအားလုံး ပါရီ့ပုခုံးပေါ်ပုံကျလာတာပေါ့။ ဘယ်သူ့လက်ချက်လဲ ဆိုတာကို ရေဆုံးမြေဆုံးလိုက်ဖော်ရင်း ပါရီသိလာရမယ့် ဒုစရိုက်လောကတွေအကြောင်း၊ နောက်ကွယ်က ကြိုးကိုင်မှုတွေနဲ့ ရှောင်လွှဲမရတဲ့ ထိခိုက်မှုတွေကြားမှာ ပါရီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ။ မိသားစုကိုရော ကာကွယ်နိုင်ပါ့မလား။ အမှုမှန်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ကြည့်ရမယ့် Action/Thriller မို့ အခုပဲ Channel Myanmar မှာဝင်ရောက်ကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2.08GB / 881MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Hay Man ~ Yunni ~OeliuJ
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1GB | Download | |
| 720p | 881MB | Download | |
| 1080p | 2.1GB | Download | |
| 720p | 881MB | Download |