
Sinakagon (2024) ******************* မလေးရှားရှေးဒဏ္ဍာရီတစ်ပုဒ်ဖြစ်တဲ့ Huminodun folkloreကို အခြေခံရိုက်ကူးထားပြီး မလေးရှားနိုင်ငံရဲ့ သိပ်လှတဲ့ ဆားဘားကျွန်းမှာ ရိုက်ကကူးထားတာဖြစ်လို့ ရှုခင်းလှလှလေးတွေပါ ရှုစားရမယ့် horrorကားလေးပေါ့လေ .. အညွှန်းကိုမစခင် အရင်ရှင်းပြရမှာကတော့ ဟူမီနိုဒွန် ခေါ် ဆန်နတ်ရဲ့ ဒဏ္ဍာရီ တစ်စွန်းတစ်စပေါ့ .. ကီနိုအင်ဂန်နဲ့ ဆူမွန်ဒူတို့က လူသားတွေရဲ့ဖန်ဆင်းရှင်ဖြစ်ပြီး သူတို့မှာ ပိုနွမ်ပူလန်ဆိုတဲ့ သားတစ်ယောက်နဲ့ ပိုနွမ်ပူအန်ဆိုတဲ့သမီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ ပိုနွမ်ပူလန်က သူ့ရဲ့မိဘတွေဖြစ်တဲ့ ဖန်ဆင်းရှင်နဲ့ လူသားတွေကိုရန်တိုက်ပေးပြီး ပုန်ကန်ဖို့ကြိုးစားရာကနေ ဖန်ဆင်းရှင်ကီနိုအင်ဂန်က အမျက်တော်ရှပြီး သားကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့သလို လူသားတွေကိုလည်း ကျိန်စာဆိုး ၇ ခု သက်ရောက်စေခဲ့ပါသတဲ့။ ဒီထဲက နောက်ဆုံးကျိန်စာက ရေရှားပါးပြီး ငတ်မွတ်ခေါင်းပါးစေတဲ့ကပ်ဘေးပါပဲ။ ဒီကျိန်စာဆိုးကိုပယ်ဖျက်ဖို့ သမီးတော် ပိုနွမ်ပူအန်ကိုစတေးလိုက်ရပြီး သူ့ရဲ့ဝိညာဉ်ကနေ ဟူမီနိုဒွန်ဆိုတဲ့ ဆန်နတ်ရယ်လို့ ဖြစ်လာတာဖြစ်ပြီး ဟူမီနိုဒွန်ကို ကိုးကွယ်ရင် ကောက်နှံအထွက်တိုးတယ်ဆိုတဲ့ အယူအဆလည်းရှိပါတယ်။ အခုဒီဇာတ်ကားလေးမှာတော့ အိဗ်တစ်ယောက် ဟူမီနိုဒွန်အထိမ်းအမှတ်အနေနဲ့ နှစ်စဉ်ကောက်ရိတ်သိမ်းပွဲမှာ ကျင်းပတဲ့ အလှမယ်ပြိုင်ပွဲမှာ အနိုင်ရလာပြီး သူငယ်ချင်းဖြစ်သူ လီဆာဆီကို အလည်ရောက်လာပါတယ်။ ဒီအချိန်မှာပဲ ရွာမှာ ကြက်တွေအစုအပြုံလိုက်သေတာကစလို့ ကပ်ဆိုက်သလိုဖြစ်စဉ်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာတဲ့အတွက် လီဆာရဲ့အဖေ နတ်ဆရာကြီးလည်း ခေါင်းခဲနေတာပေါ့။ ဒီအချိန်မှာ အသံတစ်သံက ကပ်ဘေးကိုရပ်တန့်ချင်ရင် ဟူမီနိုဒွန်ရဲ့မျိုးဆက်ကို စတေးရမယ်။ ဒီဟူမီနိုဒွန်ရဲ့မျိုးဆက်က သူတို့ထဲမှာပဲရှိနေတယ်လို့ ပြောလိုက်ချိန်မှာတော့….. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.76GB / 781MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 56m Genre ….. Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.76GB | Download | |
| 1080p | 1.76GB | Download | |
| 1080p | 1.76GB | Download | |
| 1080p | 1.76GB | Download | |
| 720p | 781MB | Download | |
| 720p | 781MB | Download | |
| 720p | 781MB | Download | |
| 720p | 781MB | Download | |
| 720p | 781MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.2 / 10
Director