
ဒီဇာတ်ကားဟာ ၂၀၂၃ခုနှစ်ထွက် Adventureဇာတ်လမ်းဖြစ်ပြီး Amazon prime က ဖြန့်ချိထားတာပါ။ စိတ်ကူးယဉ် စွန့်စားခန်း ဇာတ်လမ်းမျိုးဖြစ်ပြီး IMDb 5.4 ရရှိထားပါတယ်။ အမေဖြစ်သူ နောက်အိမ်ထောင်ပြုမှာမို့ လန်ဒန်ကို ပြောင်းရွှေ့လာတဲ့ လစ်ဗ်နဲ့ မီယာ ညီအစ်မနှစ်ယောက်မှာ လစ်ဗ်က ကိုယ့်ရဲ့အိပ်မက်တွေကို ထိန်းချုပ်နိုင်တဲ့ lucid dreamer ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာ လစ်ဗ်တစ်ယောက် အိပ်မက်ထဲမှာ သူ့ပထွေးဘက်က သားဖြစ်တဲ့ ဂရေဆင်နဲ့ သူငယ်ချင်းအဖွဲ့ကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့က တခြားသူတွေရဲ့အိပ်မက်ထဲမှာ လျှောက်သွားနိုင်တဲ့ Book of Dreamဆိုတဲ့ စာအုပ်ကို လက်ဝယ်ရထားတာပါ။ အဲဒီ စာအုပ်ကြောင့် သူတို့တွေက အိပ်မက်ခရီးသွားနိုင်တဲ့ အစွမ်းတွေ ရထားတာပါ။ အဲဒီလိုနဲ့ပဲ သူတို့အဖွဲ့ထဲမှာ လစ်ဗ်လည်းပါသွားပြီး စာအုပ်ကို အသုံးချဖို့ ကြိုးစားရင်း မထင်ထားတဲ့ သက်ရောက်မှု တစ်ခုဖြစ်လာပါတယ်။ သူတို့ရဲ့အိပ်မက်တွေကို အပြင်လောကမှာ အကောင်အထည်ဖော်ရင်း အပြန်အလှန်အနေနဲ့ သူတို့ရဲ့အဆိုးဆုံး အိပ်မက်တွေပါ လက်တွေ့ဖြစ်လာတာပါ။ အဖွဲ့သားတွေထဲမှာ ကောင်းတဲ့အိပ်မက်ရော ဆိုးဝါးတဲ့အိပ်မက်ပါ တကယ်ဖြစ်လာတဲ့နောက် အဲဒီစာအုပ်ရဲ့ကျိန်စာအစွမ်းကို ဖျက်ဖို့ ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ သူတို့လွယ်လွယ်ကူကူပဲ ကျိန်စာ ပျက်အောင် လုပ်နိုင်မလား၊ ဘယ်လိုမြုပ်ကွက် အတားအဆီးတွေ ရှိနေမလဲဆိုတာ ကြည့်ရှုရမယ့် Mystery,adventureရုပ်ရှင်ပါ။ File size…1.38GB / 611MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Drama , Mystery, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.38GB | Download | |
| 1080P | 1.38GB | Download | |
| 1080P | 1.38GB | Download | |
| 1080P | 1.38GB | Download | |
| 1080P | 1.38GB | Download | |
| 720P | 611MB | Download | |
| 720P | 611MB | Download | |
| 720P | 611MB | Download | |
| 720P | 611MB | Download | |
| 720P | 611MB | Download |