
ရှီမီဒို ခေါ် ရှီမီကျွန်းဟာ တောင်ကိုရီးယားနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူနေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမနေတဲ့ ကျွန်းမှာပဲ တောင်ကိုရီးယားနိုင်ငံရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အခြေတည်ခဲ့ဖူးပါတယ်။ အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ မြောက်ပိုင်းခေါင်းဆောင်က ကိုရီးယားနိုင်ငံပေါင်းစည်းရေးဆိုပြီး တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို စေလွှတ်ခဲ့ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်ပေ။ အမိကိုရီးယားနိုင်ငံ ပေါင်းစည်းရေး၊ ၂ နိုင်ငံငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ မြောက်ပိုင်းခေါင်းဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်စေသည်။ လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟုခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်ရေးလေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ခေါ် ရှီမီဒိုဖြစ်သည်။ ငရဲခန်းဟု ခေါ်သည်မှာ လွန်သည် ဟု မဆိုနိုင်၊ သူတို့၏စစ်ရေးလေ့ကျင့်ခန်းများသည် သာမန်စစ်တပ်ထက် အဆပေါင်းများစွာ သာ၍ခက်သည်၊ ပြင်းထန်သည်၊ ကျွန်းပေါ်မှာ အသေထွက် မှ လွဲ၍ တခြားထွက်နည်းမရှိပေ။ သို့ပေတည့် တပ်ဖွဲ့ ၆၈၄၏ ရဲဘော်များသည် ဤဒဏ်များကို ပေတေပြီး ခံသည်၊ သေဒဏ်ထက် အသက်ရှင်နေခြင်းက ပိုကောင်းသည်မဟုတ်ပါလား။ မြောက်ပိုင်းခေါင်းဆောင်ကို သတ်နိုင်က ကိုရီးယားနိုင်ငံပေါင်းစည်းရေးမှာ အရေးပါဆုံး သမိုင်းဝင်စစ်သည်များဖြစ်လာမည်၊ စည်းစိမ်ချမ်းသာ ခံစားရမည်၊ လူတန်းစေ့ပြန်နေနိုင်မည်မဟုတ်ပါလား။ သို့သော် လူ့သဘောလူ့မနောသည် ဆန်းကြယ်သလို ဒီလိုလူ့သဘော အပေါ် မူတည်နေသည့် နိုင်ငံရေးဆိုသည်မှာ ပို၍ တွက်ဆရခက်သည်။ ၁၉၆၈နှစ်က နီးရာဓါးဆွဲ သေနတ်ကိုင်ဆွဲ၍ စစ်သွေးကြွချင်နေသည့် နိုင်ငံ့ခေါင်းဆောင်များသည် ၁၉၇၁ အရောက်မှာတော့ စားပွဲဝိုင်းဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးချင်သူများ ဖြစ်သွားကြပြီ။ အမိန့်အာဏာသည် လုပ်ပိုင်ခွင့်ရှိသူတို့၏ နှုတ်ဖျားတွင်တည်၍ အောက်ခြေကလူများအပေါ်တွင် အကောင်းအဆိုးသက်ရောက်သည်။ အနုနည်းဖြင့်ဖြေရှင်းချင်သည့် အထက်လူကြီးများအတွက် အကြမ်းနည်းသုံးရန် လျှို့ဝှက်ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့ ၆၈၄သည် မျက်စိစပါးမွေးစူးသလိုဖြစ်သည်၊ နိုင်ငံတကာသိလျှင် သူတို့၏ငြိမ်းချမ်းရေးအိပ်မက် ပျက်စီးသွားမှာ သိပ်စိုးရွံ့သည်၊ ထို့ကြောင့် တပ်ဖွဲ့ ၆၈၄ကို နှုတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ မျှော်လင့်ချက်တွေ တနင့်တပိုးထားခဲ့တဲ့ဘဝက သဲတစ်မှုန်လောက်မှ တန်ဖိုးမရှိတဲ့ဘဝက သိပ်နာကျင်ရသည်၊ ရှင်လျက်နဲ့ သေစာရင်းကို အလိုလိုမှတ်ခံလိုက်ရသလိုဖြစ်သည်။ တပ်ဖွဲ့ ၆၈၄အတွက်လည်း ထို့အတူခံစားရသည်။ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အားကိုးရာ ဟူသော ဘဝမှသည် သေဒဏ်ကျအကျဉ်းသားဘဝသို့ ပြန်ရောက်သွားသည်။ မိမိရဲ့နိုင်ငံတော်က မိမိကိုစွန့်ပစ်လိုက်ပြီ။ တပ်ဖွဲ့ ၆၈၄ အဖို့ ပေါက်သည့်နဖူး မထူးတော့ပြီ၊ တပ်ဖွဲ့ ၆၈၄ တို့ မိုက်လုံးကြီးပြရတော့မည်။ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲဆိုတာတော့ ဘုရားသခင်သာ အသိဆုံးဖြစ်သည်။ ၁၉၆၈ မှ ၁၉၇၁ အထိ ၃နှစ်ကြာရှိခဲ့သော တပ်ဖွဲ့ ၆၈၄အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဆုပေါင်း၈ဆုအထိ ရထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ IMDb 7.1အထိ ရရှိထားပြီး သရုပ်ဆောင်များမှာလည်း လက်ရှိမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေသည့် ဇာတ်ပို့မင်းသားကြီးများနဲ့ ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ လူလူချင်းစာနာသနားမှု၊ အမိန့်နဲ့ လူ့ကျင့်ဝတ်ကြားက မျဉ်းပါးလေးတစ်ကြောင်း၊ စစ်သားကောင်းတို့ရဲ့ သူရဲသတ္တိနဲ့ ရဲဘော်ရဲဖက် စိတ်ဓါတ်တို့ကိုပီပြင်အောင် ရိုက်ပြသထားသည့် ဒီစစ်ကားကို စစ်ကားမဟုတ်သော စစ်ကားလို့ပဲ ခေါ်လို့ရနိုင်မယ်ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Action, Drama Quality….WEB-DL 1080p and 720p File size…1.9GB and 980MB and 324MB Format…mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |