
You touched my heartဇာတ်ကားနဲ့ မကြာသေးခင်ကမှ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားသွားတဲ့ ကလေးတို့ဖေဖေ ဦးဦးPushနဲ့ ကိုကြီးAugustတို့ရဲ့ movieအသစ်လေးထွက်ရှိလာပြီဆိုတော့ စီအမ်ထိုင်းကားချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။ ဒီတစ်ခါမှာတော့ P' Pushကို နာမည်ကြီးတစ်ယောက်အနေနဲ့ လိုက်ဖက်စွာမြင်ရဦးမှာမလို့ လက်လွတ်မခံသင့်တဲ့မူဗီလေးဖြစ်ကြောင်း ကြိုတင်လက်တို့လိုက်ပါတယ်နော်။ ဖန်ဂဲလ်တစ်ယောက်အတွက်တော့ သူချစ်ရတဲ့အိုင်ဒေါလ်ကို အပြင်မှာ ရင်းရင်းနှီးနှီးတွေ့ခွင့်ရတဲ့အခွင့်အရေးက သူ့ဘဝအတွက် အထူးခြားဆုံး အရေးပါဆုံးလို့ သတ်မှတ်လို့ရနိုင်တာမျိုးပါ။ ဒါကပဲ ဗီယက်နမ်က သန်းကြွယ်သူဌေးကြီးရဲ့ချစ်သဲညှာလေးဖြစ်တဲ့မေတစ်ယောက် ထိုင်းကိုရောက်လာရခြင်းရဲ့ အကြောင်းအရင်းပါပဲ။ သူ့ရဲ့အိုင်ဒေါလ်ဖြစ်တဲ့ ပါ့ခ်နဲ့အတူညစာစားရင်း မွေးနေ့ပွဲကိုကျင်းပနိုင်ဖို့ အဖေဖြစ်သူသူဌေးကြီး မွေးနေ့လက်ဆောင်အဖြစ် စီစဉ်ပေးထားတဲ့အတွက်ပါ။ အမြဲတမ်း အဖေ့အရိပ်အောက်မှာ အထိန်းတော် ကိုယ်ရံတော်တွေနဲ့နေနေရတဲ့မေတစ်ယောက် ထိုင်းကိုရောက်ချိန်မှာ မထင်မှတ်ဘဲဆုံတဲ့ ဆိုင်ကယ်သမားလေးဘွိုင်းရဲ့အကူအညီနဲ့ ကိုယ်ရံတော်တွေလက်က ထွက်ပြေးရင်း သူ့ရဲ့အိုင်ဒေါလ်ပါ့ခ်ဆီမှာ အကောင်းမြင်ခံရဖို့ ကြိုးစားပါတော့တယ်။ အဲဒီနောက်မှာတော့... ပိုးလိုဥထားတဲ့မင်းသမီးလေးမေနဲ့ ဘဝသမားလေးဘွိုင်းတို့ အလွဲလွဲ အချော်ချော်တွေကြားက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စီအမ်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1GB | 571MB | 287MB Format… mp4 Duration…. 1h 29min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1GB | Download | |
| 720p | 571MB | Download | |
| 1080p | 1GB | Download | |
| 720p | 571MB | Download |