
Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကို ကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်း ရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာ လုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာက ပထမကားက Denis Villeneuve မဟုတ်တော့ပဲ Stefano Sollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။ သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေ Josh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊ Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက် မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေ ဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့ လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်း အာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာ လုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။ အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး အကြမ်းဖက် တိုက်ခိုက် တာတွေ ပြုလုပ်လာပါတော့တယ်။ ဒီတိုက်ခိုက်ရေးသမားတွေကို အမေရိကန်ထဲ မှောင်ခိုသွင်းပေးတာက မက်ဆီကန်မူးယစ်ဂိုဏ်းတွေ ဖြစ်နေတော့ အစိုးရအနေနဲ့ လက်မည်းကြီးလုပ်ပြီး နောက်ကွယ်ကနေ ဖြေရှင်းချင်တော့ကျ မက်ကို လှမ်းခေါ်ရပါတော့တယ်။ ဒီမှာ အမေရိကန် အနေနဲ့ ဒီဂိုဏ်းတွေကို အကြမ်းဖက်စာရင်းသွင်းပြီး ချေမှုန်းချင် တော့ကျ သူများနိုင်ငံထဲ ဖြစ်တဲ့အတွက် သူ့ခြံထဲက ကြက်အချင်းချင်း ပြန်ခွပ်ခိုင်းတဲ့အကွက် ဂိုဏ်းချင်းရန်တိုက်ပေးပြီး စစ်ဖြစ်အောင် ဖန်တီးပေးဖို့ မက်တို့ တာဝန်ကျလာပါတော့တယ်။ ဒီမှာတင် မက်ကလည်း သူ့လူဟောင်း အာလေဟန်ဒရိုကို ပြန်ခေါ် တပ်ဖွဲ့တစ်ခု ဖန်တီးပြီး ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဖြစ်သူကို ပြိုင်ဖက်ဂိုဏ်းက ပြန်ပေးဆွဲသယောင်နဲ့ အယောင်ဆောင်လုပ်ပြီး စစ်ပွဲ ဖန်တီးဖို့ ကြိုးစားချိန်မှာတော့ အောင်မြင်သွားမလား ဘာတွေဆက်ဖြစ်မလဲ စသဖြင့် သည်းထိတ်ရင်ဖိုစွာနဲ့ Sicario ထုံးစံအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ သွေးအေးအေးနဲ့ စည်းလွတ်ဝါးလွတ် ကြမ်းတတ်တဲ့ မက်တစ်ယောက်နဲ့ လုပ်ရည်ကိုင်ရည်အလန်းစားနဲ့ သောက်ရမ်းကြမ်းတဲ့ Sicario ကြီး အာလေဟန်ဒရိုတို့ကို ပြန်ခံစားရမှာပဲ ဖြစ်ပါတယ်။ File size…5.60 GB / 1.95 GB / 747 MB Quality… Blu-Ray 4K HEVC / 1080p / 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung