
She’s the Man (2006) IMDb Rating (6.4) ဆီဘက်ရှန်းနဲ့ ဗိုင်အိုလာက အမွှာဖြစ်ပြီး ရုပ်တွေကအစတူပေမယ့် ဆီဘက်ရှန်းက ယောကျာ်းလေးဖြစ်ပြီးတော့ ဗိုင်အိုလာက မိန်းကလေးပါ။ ဗိုင်အိုလာက မိန်းကလေးဆိုပေမယ့် ဘောလုံးကန်တာ ဝါသနာကြီးပြီး ကျောင်းအသင်းမှာ ကန်ခွင့်ရဖို့က သူမရဲ့အိမ်မက်ပါ။ ဒါပေမယ့် သူတို့ကျောင်းက ဘောလုံးအသင်းမှာ ယောက်ကျားလေးတွေပဲ ကန်ရမယ် မိန်းကလေးတွေ မပါရဘူးဆိုတော့ ဗိုင်အိုလာတစ်ယောက် ယောက်ကျားလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ စွန့်စားပါတော့တယ်။ ဒါကတော့ သူ့အမွှာ ဆီဘက်ရှန်းယောင်ဆောင်ပြီး ယောက်ကျားလေးအဆောင်မှာ သွားနေပြီး ဘောလုံးကန်ဖို့ပါပဲ။ အဆောင်မှာ သူမနဲ့အတူနေရမယ့် အခန်းဖော်က ဂျူ့တဲ့ …သူကလဲ ယောက်ကျားလေးအခန်းဖော်ပဲထင်ပြီး နှလုံးသားရေးရာကစလို့ ဖွင့်ပြောတိုင်ပင်မိတဲ့အခါမှာတော့….ဗိုင်အိုလာနဲ့ ဂျူ့တို့ဘာဆက်ဖြစ်ကြမလဲ… ဗိုင်အိုလာရဲ့ ကျောင်းအသင်းမှာ ယောကျာ်းလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ဆိုတဲ့ အိမ်မက်ကရော တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာ…။ မင်းသား Channing Tatum က ဂျူ့အဖြစ်ပါဝင်ထားပြီး မင်းသမီး Amanda Bynes က ဗိုင်အိုလာအဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်ကားက Amanda Bynes ရဲ့ မာစတာပိစ်လို့ဆိုနိုင်ပြီး ဒီထဲမှာ သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေ တကယ်ပီပြင်ပါတယ်။ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဒီရုပ်ရှင်ကားလေးကိုမကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းပါတယ်… ကြည့်ဖူးသမျှ Teen Comedy ဇာတ်ကားတွေထဲမှာတော့ အတော်လေးအကြိုက်ပိုမိတဲ့ဇာတ်ကားပါ။