
Shahid (2012) “အမှန်တရားဘက်တော်သား” IMDb -8.2/10 ချတာတွေလည်းမကြိုက်ဘူး။ ရိုတာတွေလည်းငြီးငွေ့နေကြတဲ့ CM ပရိသတ်ကြီးအတွက် ရုံတင်အမြတ်ငွေ 5 ဆကျော်ရခဲ့တဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်းဖြစ်၊ Scam 1992ရဲ့ဖန်တီးရှင် ဒါရိုက်တာကြီးHansal Mehtaတစ်ယောက် ကားတိုင်းအရှုံးပေါ်နေရာကနေ ဝက်ဝက်ကွဲပြန်အောင်မြင်ခဲ့တဲ့ Biography movieလေးတစ်ကားဖြစ်တဲ့ Shahidဆိုတဲ့movieလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးကိုတော့ ရှေ့နေကြီးShahid Azmiတစ်ယောက် လုပ်ကြံခံရပြီးချိန်မှာရိုက်ကူးဖို့ ဒါရိုက်တာMehtaတစ်ယောက် အကြံရခဲ့တာဖြစ်ပါတယ်။ ဘုံဘေအဓိကရုဏ်းဖြစ်ချိန်မှာ ရှာဟစ်ဒ်ဟာ ၁၅ နှစ်အရွယ် မြီးကောင်ပေါက်လူငယ်တစ်ယောက်၊ ဆယ်ကျော်သက်ပီပီ စူးစမ်းချင်စိတ် မခံချင်စိတ်ကများတော့ အဓိကရုဏ်းထဲဘုမသိဘမသိဝင်စပ်စုရင်း ရဲဘက်ကဖမ်းတဲ့ထဲပါသွားပါတော့တယ်။ ဒါပေမဲ့ အသက်မပြည့်သေးတော့ ရှာဟစ်ဒ်ပြန်လွတ်လာတာပါတယ်။ အဓိကရုဏ်းမှာ ကမောက်ကမဖြစ်နေတဲ့ကြား ရှာဟစ်ဒ်တစ်ယောက် အကြမ်းဖက်လေ့ကျင့်ရေးစခန်းကိုလိုက်သွားခဲ့ပေမဲ့ အကြမ်းဖက်တွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေတာကိုမြင်ပြီး ဘုံဘေကိုပြန်လာခဲ့ပေမဲ့ ရဲဘက်ကသတင်းရပြီး ရှာဟစ်ဒ်တစ်ယောက် အကြမ်းဖက်ကာကွယ်ရေးဥပဒေ(POTA)နဲ့ငြိပြီး ဖမ်းခံရပါတော့တယ်။ အကြမ်းဖက်မှုနဲ့ဖမ်းခံရ အတင်းအကြပ်အပြစ်တွေဝန်ခံခဲ့ရပြီး ထောင်နန်းစံခဲ့တဲ့ ရှာဟစ်ဒ်တစ်ယောက် ထောင်ထဲမှာ ဦးနှောက်ဆေးချင်သူတွေ ဖျက်ဆီးချင်သူတွေ ဒုနဲ့ဒေးရှိနေပေမဲ့ ကံကောင်းချင်တော့ လမ်းညွှန်ပေးမယ့်သူနဲ့ဆုံပြီး ထောင်ကလွတ်လာချိန်မှာ ဥပဒေပညာကိုသင်ယူလို့ ရှေ့နေဖြစ်လာပါတော့တယ်။ တစ်ချိန်ကကိုယ်တိုင် POTAဥပဒေနဲ့ မတရားသဖြင့်ဖမ်းဆီးခံခဲ့ရတဲ့ ရှာဟစ်ဒ်တစ်ယောက် သူ့လိုအဖြစ်မျိုးထပ်မကြုံရလေအောင် အကြမ်းဖက်သမားရယ်လို့ စွပ်စွဲခံရ ခေါင်းစဉ်တပ်ခံရတဲ့သူတွေကို အစွမ်းကုန်ကယ်တင်ဖို့ကြိုးစားရင်း အမှန်တရားအတွက် အများနဲ့တစ်ယောက် ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲဆိုတာ ရှုစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 1080p | 2GB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download | |
| 720p | 800MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
8.2 / 10
Director