
IMDb - 5.4 ဂျိုးဟာတရားရုံးကနေဆင့်ခေါ်တဲ့ သမ္မာန်စာတွေကို ဆင့်ခေါ်ခံရတဲ့သူတွေဆီကို ပို့ပေးရတဲ့လုပ်ငန်းလုပ်နေသူ တစ်ယောက်ပါ။ စာရွက်စာတမ်းတွေကိုပို့ ပေးရတာက လွယ်ကူတဲ့အလုပ်ဖြစ်ရမှာဆိုပေမဲ့ စာပို့ပေးရမဲ့လူတွေက သူ့ကို ရှောင်နိုင်နေကြတာေကြာင့် အလုပ်တစ်ခုကို တစ်ပတ်လောက်ကြာနေလို့ သူဌေးကပါ အပြစ်တင်တာကိုခံ နေရပါတယ်။ တစ်နေ့မှာတော့ ဆာရာမိုး ဆိုတဲ့အမျိုးသမီးဆီကို ကွာရှင်းစာချုပ်သွားပို့ပေးရင်းနဲ့ ဆာရာ မိုးက သူ့လာပို့မဲ့သတင်းကိုကြိုရသွားပြီး ရှောင်ထွက်သွားနိုင်တဲ့အတွက် သူဌေးကကလော်တုတ်ပြီး တခြားလူတစ်ယောက်ကိုလုပ်ခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ မကျေနပ်တဲ့ ဂျိူးတစ်ယောက် ဆာရာ မိုးရဲ့လိပ်စာကို ရှာပြီး သွားပို့ဖို့လုပ်ပါတော့တယ်။ ဒီလိုနဲ့ လိပ်စာကိုရပြီး ဆာရာမိုးဆီကို စာရွက်တွေအောင်မြင်စွာပေးနိုင်ခဲ့ပေမဲ့လည်း ဆာရာ မိုး ကသူ့ယောင်္ကျား ဂေါ်ဒွန် မိုးဆီကို ကွာရှင်းစာချုပ်အရင်ပို့ပေးနိုင်ရင် ဒေါ်လာတစ်သန်း ပေးမယ်ဆိုပြီး ဂျိူးကိုပြန်ငှားလိုက်ပါတော့တယ်။ ဒီလိုနဲ့ ဆာရာနဲ့ ဂျိုးတို့နှစ်ယောက် ဂေါ်ဒွန်ဆီကိုကွာရှင်းစာချုပ်အချိန်မှီပို့ပေးနိုင်မှာလား၊ ဂျိူးရဲ့အလုပ်ကိုရော ဘယ်သူကနှောက်ယှက်နေတာလဲ၊ ဂျိုးကရော ဒေါ်လာတစ်သန်းကိုရပြီး သူ့ရဲ့အိပ်မက်လေးဖြစ်တဲ့ စပျစ်ခြံလုပ်ငန်းကိုလုပ်သွားနိုင်မလားဆိုတာကိုတော့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size… 1.9GB / 1GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 42m Genre ..... Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 720p | 1GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 1GB | Download |