| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 827 MB | Download | |
| 1080p | 827 MB | Download | |
| 1080p | 827 MB | Download | |
| 1080p | 827 MB | Download |

CM ပရိသတ်ကြီးကို ကနေဒီယန် ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် မြောက်အမေရိကတိုက်ရဲ့ နဂိုမူလ နေထိုင်သူ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်တဲ့ မိုဟော့ လူမျိုးစု မျိုးနွယ်ဝင် Influencer ဆယ်လီ ကောင်မလေး တစ်ယောက်နဲ့ သီးနှံမျိုးစေ့တွေကို လက်ဝါးကြီးအုပ် ထိန်းချုပ်ချင်တဲ့ ကုမ္ပဏီတစ်ခုနဲ့ ထိပ်တိုက်တွေ့ကြတဲ့ ဇာတ်လမ်းလေးတစ်ခုကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ နာမည်ကြီးအွန်လိုင်းဆယ်လီဖြစ်အောင် ကြိုးစားနေတဲ့ ဇစ်ဂီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်နေ့မှာ ကိုယ်စားပြုကြော်ငြာပေးဖို့အတွက် Nature Oath ဆိုတဲ့ ကောက်ပဲသီးနှံမျိုးစေ့ ကုမ္ပဏီကြီးတစ်ခုက ကမ်းလှမ်းလာခဲ့ပါတယ်။ ဇစ်ဂီဟာ ရလာတဲ့ အခွင့်အရေးကို အားရဝမ်းသာ လက်ခံ ခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဇာတိမြို့မှာနေတဲ့ သူမရဲ့ အဒေါ်က အားလပ်ရက် ခရီးသွားဖို့အတွက် အိမ်စောင့်ဖို့ သူမကို လှမ်းပြောလို့ မြို့ကနေ ပြန်လာခဲ့ပါတယ်။ ဘယ်သူမှမရှိတဲ့ အချိန် သူမတို့အိမ်ကို ခိုးဝင်ပြီး မိသားစု အမွေဖြစ်တဲ့ မျိုးရင်းမျိုးစေ့တွေကို ခိုးယူဖို့ ကြိုးစားတဲ့ သူခိုးနဲ့ ကြုံဆုံရတဲ့ အခါမှာတော့ သူမ ဘယ်လိုကာကွယ်မလဲ….။ ( ဒီဇာတ်ကားမှာ ဇစ်ဂီအဖြစ် သရုပ်ဆောင်ထားတဲ့ တီယိုဟွန်း ဟာ အပြင်မှာလည်း မိုဟော့လူမျိုး တစ်ယောက်ဖြစ်ပြီး ဒီဇာတ်ကားကို သူမကိုယ်တိုင် ဒါရိုက်တာအဖြစ် ညွှန်ကြား ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး လက်ရာဖြစ်ပေမယ့် ဇာတ်လမ်း ဇာတ်အိမ်ကို လေးဖင့်တာမျိုး မရှိဘဲ လိုရင်းတိုရှင်း ခပ်ပြတ်ပြတ် ရိုက်ကူးထားနိုင်တာမို့ အရည်အသွေးမီ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ IMDB မှာ 5.5 ရထားတာမို့ သိပ်မဆိုးဘူး ပြောရမှာပါ။ နောက်ဆုံး စပွိုင်လာအနေနဲ့ ပြောရရင် ရန်သူကို လက်တုံ့ပြန် နှိပ်စက်တဲ့အခန်းက အတော်အားရဖို့ ကောင်းပါတယ်။ 😛 ) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Aoi ဖြစ်ပါတယ် ) File size… (827 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 22m Genre …..Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi