
Seducing Mr. Perfect (2006) ============================ ဒီနေ့မှာတော့ ၂၀၀၆ ခုနှစ်အချိန် မမ Uhm Jung Hwa တို့ ငယ်ရွယ်ခဲ့စဥ် အခုလိုလန်းမြဲလန်းခဲ့စဥ်က ကိုကို Daniel Henney နဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ Romance, Drama ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်စစ်အချစ်မှန်ဆိုတာ တကယ်ရှိတယ်ဆိုပြီး တထစ်ချယုံကြည်တဲ့ မင်ဂျွန်းက တွဲသမျှရည်းစားတိုင်းရဲ့ထားခဲ့ခြင်းကိုခံရပြီး အချစ်ကံခေသူကောင်မလေးပေါ့။ လက်ရှိရည်းစားရဲ့သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ မင်ဂျွန်းတို့ကုမ္ပဏီကို တစ်နေ့ကျ သူဌေးအသစ်ဖြစ်တဲ့ ရော်ဘင် ရောက်လာပါတော့တယ်။ (မင်ဂျွန်းဘေးကို ရှင်ဘုရင်ရောက်လာဖို့ သူတောင်းစားကောင်က ဖယ်ပေးလိုက်ရတယ်ဆိုပါတော့:3) သိပ်ချစ်တတ်လွန်းတဲ့ မင်ဂျွန်းက သူချစ်ပြီဆိုရင် မိန်းကလေးမာနရယ်လို့ ဂုဏ်သိက္ခာရယ်လို့ ထည့်မတွက်ဘဲ သူကပဲ အရင်ဖုန်းခေါ်, သူကပဲ အရင်ပြေးတွေ့နဲ့ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုခုံမင်တဲ့ကောင်မလေးပေါ့။ ဒီလိုမင်ဂျွန်းရဲ့ပုံစံကို ရော်ဘင်ကနည်းနည်းလေးမှ သဘောမတွေ့ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သားတွေ့လိုက်တာနဲ့ စကားနိုင်လုကြရာကနေ ရော်ဘင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အရှိုက်ထိသွားရတဲ့မင်ဂျွန်းက “Mr. Perfect ကြီးကို ဖမ်းစားပြမယ်” ဆိုပြီး စိန်ခေါ်ရာကနေ နှစ်ယောက်သားရဲ့ဖူးစာဇာတ်လမ်းလေး အစပြုလာပါတော့တယ်။ ကြည့်ဖူးပြီးသားသူတွေလည်း အလွမ်းပြေပြန်ကြည့်နိုင်သလို မကြည့်ဖူးသေးတဲ့သူတွေအနေနဲ့လည်း တစ်မျိုးလေးကြည့်ပျော်တဲ့ ရိုမန့်စ်ကားလေးပါ။ အထူးသဖြင့် ကိုကို Daniel Henney ရဲ့ Visual နဲ့ ဘိုသံ accent နဲ့တင် ကြည့်ရတော်တော်တန်နေပါပြီရှင် 🤭 အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.68GB | 771MB | 446MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... Aaron