
IMDb 6.9 ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါပဲ 5446လို့ခေါ်တဲ့မြောက်ကိုရီးယားလျှို့ဝှက်စပိုင်အဖွဲ့အစည်းတစ်ခု ငယ်ရွယ်တဲ့လူငယ်တွေကို တိုက်ရည် ခိုက်ရည် ဉာဏ်ရည်ပိုင်းတွေ အထူးလေ့ကျင့်ပေးထားတယ်ရည်ရွယ်ချက်ကတော့တောင်ကိုရီးယားကို စပိုင်တွေအဖြစ် စေလွှတ်ပြီး အသီးသီးဇတ်မြုတ်နေစေပြီး လျှို့ဝှက်တာဝန်တွေအသီးသီးထမ်းဆောင်ဖို့ပဲ ဒီထဲမှာ အတော်ဆုံးလို့ခေါ်ရမဲ့ လူငယ်လေးသုံးယောက် သူတို့က စရိုက်တစ်မျိုးစီနဲ့တောင်ကိုရီးယားထဲမှာ ဇတ်မြုတ်ပြီး အထက်ကအမိန့်တွေကိုစောင့်ရင်းစပိုင်အဖြစ်နေကြတယ် တစ်နေ့တော့ အထက်ကသူတို့၅၄၄၆တပ်ကတပ်ဖွဲ့ဝင်တွေအားလုံးကို suicide လုပ်ခိုင်းတယ် အဲ့ဒီအမိန့်ဟာ သူတို့ ၃ယောက်အတွက် ဘာမှ မခက်ခဲပေမယ့် မိသားစုအရေးတွေပါဝင်လာတဲ့အခါမှာတော့ ဆန့်ကျင်မှုတွေဖြစ်လာတယ် ဒွိဟပွားစရာတွေဖြစ်လာတယ် ဒီဇတ်ကားက တခြားစပိုင်ဇတ်လမ်းတွေနဲ့ ခပ်ဆန်းဆန်းကွဲထွက်လာတာက အရူးတစ်ယောက်အဖြစ်သရုပ်ဆောင်ပြီး စပိုင်လုပ်နေတဲ့သူပါလာတာပါပဲ အခြား ၂ယောက်က အနုပညာသမားတစ်ယောက် အထက်တန်းကျောင်းသားတယောက်ပါ သူတို့ ၃ယောက်လုံးကိုတော့ ပရိတ်သတ်ကြီးရင်းနှီးပြီးသားတွေဖြစ်မှာပါ အထူးသဖြင့် တည်ငြိမ်သူကွီးတယောက်လို့ လူသိများတဲ့ Kim soo hyun က ဒီဇတ်ကားလေးထဲမှာ အရူးဇတ်ရုပ်ကနေ ခေါင်းဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် နောက်ထပ်မင်းသားတွေဖြစ်တဲ့ Park ki woong နဲ့ lee woo hyun ကလည်း သူ့နေရာနဲ့သူ ပါဝင်သရုပ်ဆောင်ထားကြပါတယ် ဒီဇတ်ကားကို အပိုင်း ၃ပိုင်းခွဲရမယ်ထင်ပါတယ် ပထမပိုင်းမှာရယ်စရာလေးတွေနဲ့စတင်ရင်းတစ်ယောက်စီရဲ့ မြှုပ်ကွက်လေးတွေကိုတဖြည်းဖြည်းပြ သွားတယ် ဒုတိယပိုင်းမှာတော့ပရိတ်သတ်တွေကို မိန်းမောသွားစေမဲ့ အက်ရှင်ခန်းတွေပါလာတယ် တတိယပိုင်းမှာတော့ messageလေးတွေ ပေးသွားလေရဲ့ ကိုင်း ဒီလောက်ဆိုတော်သင့်ပြီထင်ပါရဲ့ ခံစားကြည့်လိုက်ပါဦးလို့
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.34 GB | Download | |
| 1080p | 2.34 GB | Download | |
| 1080p | 2.34 GB | Download | |
| 1080p | 2.34 GB | Download | |
| 1080p | 2.34 GB | Download | |
| 1080p | 2.34 GB | Download | |
| 720p | 1.02 GB | Download | |
| 720p | 1.02 GB | Download | |
| 720p | 1.02 GB | Download | |
| 720p | 1.02 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.9 / 10
Director