
Old but Gold ဆိုသလိုပဲ 2003 ခုနှစ်ကထွက်ရှိခဲ့တဲ့ classic Scooby-Dooကားလေးကို ပြန်ကြည့်လိုက်ကြရအောင်.. ဇာတ်လမ်းအကျဥ်း ဒီတစ်ခါမှာတော့ စကူဘီတို့အုပ်စု သြစတေးလျကို အပန်းဖြေခရီးထွက်တာနဲ့ ဇာတ်လမ်းစထားပါတယ်.. ကမ်းခြေမှာ အေးဆေးငြိမ့်နေရင်းကနေ ထုံးစံအတိုင်းပဲ ဗယ်လ်မာတစ်ယောက် လမ်းညွှန်စာအုပ်ကြီးကိုင်ပြီး သြစတေးလျရဲ့ ရေဝေးကုန်ခေါင်ဒေသတွေကို သွားစူးစမ်းဖို့ မဲဆွယ်ပါတော့တယ်... ထူးဆန်းတာက အဲဒီလိုခေါင်တဲ့နေရာကြီးမှာ ရော့ခ်ဂီတပြိုင်ပွဲကြီး ရှိနေတာပါပဲ.. သူတို့ရောက်သွားတော့ ပဟေဠိတစ်ခုက အသင့်စောင့်နေပါပြီ.. ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်ကြီး ရာဝီရာဟူးနဲ့ နောက်လိုက်သွေးစုပ်ဖုတ်ကောင် ၃ကောင်က ပြိုင်ပွဲဝင်တွေကို ပြန်ပေးဆွဲနေပါတယ်.. အဲဒီနောက်လိုက်၃ကောင်ဆိုတာ မနှစ်ကပြိုင်ပွဲအပြီး ပျောက်သွားခဲ့တဲ့ လေပြင်းရော့ခ်ကာအဖွဲ့ပါပဲ.. ရာဝီရာဟူးက သူတို့၃ယောက်ကိုဖမ်းပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်အောင် ပြောင်းလိုက်တာလို့ နယ်ခံတွေက ယုံကြတာပေါ့.. ဒါပေမယ့် ပြိုင်ပွဲမတိုင်ခင်ရက်မှာပဲ စကူဘီဒူးတို့အုပ်စု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တဲ့အခါ... သွေးစုပ်ဖုတ်ကောင်လို့ အသံကြားရုံနဲ့တင် တုန်တက်နေတဲ့ ရှက်ဂီနဲ့ စကူဘီဒူးတို့၂ယောက်နဲ့တင် ပြည့်စုံနေပြီမလို့ အများကြီးမညွှန်းတော့ပါဘူး.. ငယ်ဘဝကို Nostalgia ပြန်ဖြစ်ရင်း ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ကြပါဦး... File size…(1.36GB) / (`660MB) / (408MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre... Animation / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download |