
ဇတ်လမ်း အစမှာတော့ စားစရာတွေ ရောင်းတဲ့ စူပါမားကတ် ကနေ စတင်ထားပါတယ်... စားစရာတွေဟာ လူသားတွေကို ဘုရားသခင် လို့ မှတ်ယူထားပါတယ် မားကတ် မှာ ပုတ်သိုးမယ့် အန္တရာယ် ကနေ ကယ်တင်မယ့် အရှင်သခင်တွေလို့ မှတ်ယူထားကြတာပါ... တစ်နေ့တာ စျေးဝယ်မှု မှာ ဝယ်သူ ရွေးချယ်ဖို့ သူ့ထက် ငါ အပြိုင်အဆိုင် ဆုတောင်းကြရတာပေါ့ မဟုတ်ခဲ့လို့ရှိရင် Out Of Date ဖြစ်သွားတဲ့အခါ သူတို့မသွားချင်ဆုံးနေရာက အမှိုက်ပုံးအိုကြီးရဲ့ မဲမှောင်နေသာတွင်းနက် ကြီးပါပဲ.... ဒီဇတ်လမ်းမှာ မင်းသားကတော့ ဝက်အူချောင်း ပါပဲ ဟုတ်ပါတယ် ဝက်အူချောင်း ပါ.... ဖရန့် ၊ ကားလ် ၊ ဘယ်ရီ တို့ ဟာ ၆ ချောင်းပါတဲ့ ဝက်အူချောင်းပါကင်ထုပ်ထဲက သူငယ်ချင်းတွေပေါ့ သူတို့ ဘေးကပ်ရပ်မှာတော့ ဟော့ဒေါ့ပေါင်မုန့်မလေး တွေ အဖွဲ့ ရှိနေပါတယ် ဘရန်ဒါ တို့ အုပ်စုပေါ့ သူတို့လဲ ပါမုန့်ချောင်း ၆ ခု တစ်ပါကင် ထုပ်ထဲကပါပဲ... အနီးကပ် နေရတဲ့ အခါ တစ်ဦးကို တစ်ဦး စိတ်ဝင်စားပြီး ချစ်မိပါလေရော အဝယ်ခံရတဲ့ အခါ အတူတူပါဖို့လဲ ဆုတောင်းကြရတာပေါ့... :D တစ်ရက်မှာတော့ ဖရန့် တို့ ပါကင်ထုပ် ရော ဘရန်ဒါ တို့ ပါကင်ထုပ်ရော အဝယ်ခံရပါတယ် ဒါပေမယ့် စိတ်ဖောက်နေတဲ့ ပျားရည်မုန်ညင်းဗူး က သေကြောင်း ကြံစည် လို့ မတော်တဆ မှုတွေ ဖြစ်ပြီး ဖရန့် ရော ဘရန်ဒါ က ဘုရားသခင်(စျေးဝယ်သူ) ဆီကနေ ပြုတ်ကျ ပျောက်ဆုံးသွားပါတော့တယ်... ဖရန့် နဲ့ ဘရန်ဒါ တို့လဲ သူတို့ သူငယ်ချင်းတွေ နဲ့ အတူ ဘုရားသခင်(စျေးဝယ်သူ) ဆီ ပြန်သွားလို့ လမ်းစ ရှာရင်း နဲ့ ဘုရားသခင် (စျေးဝယ်သူ) က သူတို့ကို ကြင်နာမှာ မဟုတ်ပဲ စားသုံးဖို့သက်သက်ဆိုတာသိသွားတဲ့ အခါမှာတော့..... (ရုပ်ရှင်ရဲ့ အချိန် 00:44:45 နေရာရောက်လို့ ကြည့်မိတဲ့အခါ ၀ါးလုံးကွဲ မရယ်မိဖို့ သတိပြုပါ ကျော်မကြည့်နဲ့နော် :P ) File size…3GB / 1.3GB Quality…1080p Blu Ray / 720p Format…mp4 Duration….1h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Tariq L Walker , Ye Khant Min