
တစ်ချိန်တုန်းက ကမ္ဘာ့မြေပုံဆိုတာဟာ အခုလို ပြည့်ပြည့်စုံစုံ မဟုတ်သေးဘူး။ ဒါကြောင့် နယ်မြေလုပွဲတွေတိုက်ပွဲတွေဆိုတာ ကလည်း အဆက်မပြတ်ကိုဖြစ်နေခဲ့ပြီး နယ်နိမိတ်သတ်မှတ်ဖို့ ဆိုတာကလည်း ကော်မရှင်တွေဖွဲ့ပြီး နယ်စပ်ဝေးလံခေါင်ဖျားတဲ့ ဒေသတွေဆီ ခက်ခက်ခဲခဲသွားရတာမျိုးပေါ့။ Sauna ဆိုတဲ့ ဇာတ်ကားလေးကတော့ ၁၆ ရာစုအတွင်းက ညီ အစ်ကို ၂ ဦးရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ရုရှားနဲ့ ဆွီဒင်တို့ ကြားက နယ်နိမိတ်မျဉ်းသတ်မှတ်ဖို့အရေးမှာသူတို့ဟာ ကော်မရှင် အဖွဲ့ထဲပါဝင်ပြီး လမ်းခရီးမှာ မမျှော်လင့်တာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဖခင်ဖြစ်သူကိုသတ် သမီးကို သေအောင်ဖြစ်ထားခဲ့ပြီးမှ မကျွတ် မလွတ်နဲ့ လိုက်နှောင့်ယှက်ခံရတာတွေ၊ နယ်စပ်မှာ ရှိနေတဲ့ Sauna တစ်ခုကို သူ့အပိုင်လိုလို ကိုယ့်အပိုင်လိုလိုနဲ့ ထူးဆန်းဖြစ်ရပ်တွေ ကြုံရတာတွေ သမိုင်းဖြစ်ရပ်ကို အခြေခံထားပြီး လမ်းခရီးတစ်လျှောက် ခြောက်ခြားစရာတွေ၊ ထင်ယောင်ထင်မှားဖြစ်တာတွေကို အမြင်သစ်နဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအမျိုးအစားကို Horror လို့သတ်မှတ်ထားပေမယ့်လည်း သရဲကားတစ်ကားလိုတော့မဟုတ်ပါဘူး။ တစ်စိမ့်စိမ့်နဲ့ မျောပါရမယ့် ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size..........(5.43 GB) / (947 MB) / (453 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 23Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Mugiwara Ya Encoder..........SWM