
Sathiya Sothanai (2023) “အမှန်တရားရဲ့တိုက်ပွဲ” IMDb 8.6/10 ၂၀၂၃ အစောပိုင်းက ထွက်ရှိခဲ့တဲ့ “A Jackfruit Mystery” ဆိုတဲ့ ဇာတ်လမ်းရဲ့ပိန္နဲသီးပျောက်ရှာပုံတော်လိုမျိုး ယခုတစ်ခေါက် Sathiya Sothanaiဆိုတဲ့ဇာတ်လမ်းထဲမှာတော့ အလောင်းပျောက်ရှာပုံတော်ကို ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကတော့ Premgi Amaren, Swayam Siddhaနဲ့ Reshma Pasupuletiတို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ … ရွာပြင်က စားကျက်မြေမှာ ဆိုင်ကယ်ပတ်စီးနေတဲ့ ရိုးသားတဲ့ဖိုးသခွားလေး ပရာဒိတစ်ယောက် လူတစ်ယောက် သေနေတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပရာဒိဟာ သက်သေတွေပျောက်မှာစိုးပြီး အလောင်းဆီက လက်ဝတ်ရတနာတွေကို သူ့ကိုယ်ပေါ်ပြောင်းဝတ်လို့ ရဲစခန်းဆီ ဦးတည်ခဲ့ပါတယ်။ လမ်းမှာ အဘွားကြီးတစ်ယောက်နဲ့တွေ့လို့ ပတ်ရစ်ပြီး ဘွားတော်ပါ ဆိုင်ကယ်ပေါ်တင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရဲစခန်းကို ရောက်သွားပြီး ရဲတွေပြန်အလာကို စောင့်နေတုန်း ကိုယ်ပေါ်က ပစ္စည်းတွေ ပျောက်သွားပါတယ်။ ပစ္စည်းတွေကလည်းပျောက် တိုင်စရာကလည်း မရှိနဲ့ ရွာပဲ ပြန်မယ်ဆိုတော့ ရဲတွေက အလောင်းကို လိုက်ပြခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ အလောင်းတွေ့ခဲ့တဲ့ဆီ ရောက်သွားတော့ အလောင်းပါ ပျောက်နေပါလေရော။ ဒီလိုကနေ လူရိုးလေးပရာဒိတစ်ယောက် လူသတ်မှုထဲ ရောက်လာတဲ့အခါမှာတော့ လောဘကြီးတဲ့ ရဲတွေရဲ့ လက်တွေကနေ ဘယ်လိုမျိုး ရုန်းထွက်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေနဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ကြပါစို့နော်။(ဒီဇာတ်လမ်းကိုတော့ V ~ ToMo ~ KKKZ ~ Dee တို့က ညွှန်းဆိုဘာသာပြန်ထားပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.68GB | Download | |
| 1080p | 1.68GB | Download | |
| 1080p | 1.68GB | Download | |
| 1080p | 1.68GB | Download | |
| 720p | 828MB | Download | |
| 720p | 828MB | Download | |
| 720p | 828MB | Download | |
| 720p | 828MB | Download | |
| 720p | 828MB | Download | |
| 720p | 828MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.6 / 10
Director